တစ်ခေတ်တစ်ခါက ပရိသတ်တွေအသည်းစွဲ ရဲစုံထောက်ဇာတ်လမ်း Police Squad trilogy ကို တစ်ဖန်ပြန်လည်ဆန်းသစ်ထားတဲ့ T-h-e N-a-k-e-d G-u-nဒီဇာတ်ကားလေးထဲမှာ အမြဲလက်စားချေနေရတဲ့ ကြမ်းကြမ်းရမ်းရမ်း ဖိုက်တင်မင်းသားကြီး Liam Neeson ကို ပေါ့ပေါ့ပါးပါးဇာတ်ရုပ်နဲ့ တမူထူးခြား ရှုစားရမှာဖြစ်လို ခုပဲ လက်မနှေးတမ်းကြည့်ရှုလိုက်ကြပါဦးစိုအဖေဖြစ်သူက ရဲတပ်ဖွဲရဲ့ စံနမူနာဖြစ်ခဲ့သလောက် တဇွတ်ထိုးဆန်တဲ့ ဖရန့်ခ်ဂျူနီယာတစ်ယောက် လက်ကအရင်ရောက်ရောက်သွားတဲ့မဟာအကျင့်ဆိုးကြောင့်ပဲ ရဲမှူးဆီမှာ ကြိမ်းမောင်းခံရပြန်တာပေါ့။တွယ်လိုက် တီးလိုက်ရမှ အယားပြေတဲ့ဖရန့်ခ်ကို ရဲမှူးကလည်းလန့်နေတာမလို လူတိုင်းစိတ်ဝင်စားနေတဲ့ ဓားပြမှုကနေ ဖယ်ထုတ်ပြီး သာမန် ကားတိုက်မှုလေးကို စုံစမ်းဖိုလွှတ်လိုက်ပါတယ်။ဘာလိုလဲဆိုတော့ ဓားပြတွေဝင်အဖမ်းမှာ တစ်ကွက်အပြကောင်းလို ဓားပြတွေ ICU အလည်ရောက်ပြီး မြိုတော်ကို တရားစွဲလို ရဲတပ်ဖွဲကို ဖျက်သိမ်းဖို တောင်းဆိုတာတွေကြောင့်ပါ။ဒီလိုနဲ့ ကားတိုက်မှုကို သွားစုံစမ်းတော့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုလို ကောက်ချက်ချပြီး စခန်းကိုအလာ သေဆုံးသူရဲ့ညီမဖြစ်သူဘက်သ်က သူ့အစ်ကိုက သတ်သေတာမဖြစ်နိုင်ဘူးလိုလာပြောပါတော့တယ်။ဖရန့်ခ်တစ်ယောက်လည်း ယုံရမလို မယုံရမလိုဖြစ်နေရင်း အမှုကိုပြန်စစ်ဆေးချိန်မှာ သူထင်သလို မရိုးရှင်းနေတာကို သိသွားချိန်မှာတော့…