A Normal Woman က Netflix ပေါ်မှာ သိပ်မကြာခင်ကမှ ထွက်ရှိထားတဲ့ အင်ဒိုနီးရှားဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်မီလာဟာ အိမ်ထောင်နဲ့ သားသမီးပါရှိတဲ့ မိခင်တစ်ဦးဖြစ်ပါတယ် သူဟာ ဂျကာတာမြိုကြီးမှာ လူတိုင်းအထင်ကြီးလေးစားရတဲ့ တည်ငြိမ်တဲ့ မိန်းမတစ်ယောက်ပါ အပြင်ပန်းမှာတော့ သူကမိသားစုအတွက် ပြီးပြည့်စုံတဲ့ ဇနီးတစ်ယောက်၊ မိခင်ကောင်းတစ်ယောက်လို ထင်မြင်နေကြပေမဲ့လည်း သူ့အတွင်းစိတ်ထဲမှာတော့ ခံစားချက်တွေနဲ့ စိတ်ဖိစီးမှုတွေ များပြားနေပါတယ်သူမေ့ပျောက်နေတဲ့ ငယ်ဘဝနဲ့ ချန်ထားခဲ့တဲ့ အမှတ်တရတွေ၊ ဒဏ်ရာတွေ၊ မသိသေးတဲ့အတိတ်တစ်ခုကို ရင်ဆိုင်လာရပြီး သူ့ဘဝက တဖြည်းဖြည်းနဲ့ သဘာဝမဟုတ်တဲ့အရာတွေနဲ့ရောထွေးလာတဲ့အခါ မိန်းမတစ်ယောက်အနေနဲ့ လူ့ဘောင်ထဲမှာ ကိုယ့်ခံယူချက်အတွက်ရပ်တည်နိုင်ဖိုကြိုးစားရင်း Identity Crisis ကိုမျက်ဝါးထင်ထင်မြင်တွေ့ရမဲ့ဇာတ်လမ်းသစ်လေးတစ်ပုဒ်ပဲဖြစ်ပါတယ်။