ဘန်းဆိုတဲ့ လက်မရွံကြေးစားလူသတ်သမားတစ်ယောက်အကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ လူသတ်တိုင်းမျက်တောင်တောင်မခတ်တဲ့ဘန်းဆိုတဲ့လူကြမ်းကြီးဟာ တစ်ရက်မှာတော့ လုပ်ကြံခံလိုက်ရပြီး ဆေးရုံရောက်သွားပါတော့တယ်။တိုက်တိုက်ဆိုင်ဆိုင်ပဲ မတော်တဆမှုတစ်ခုနဲ့ ဆုံးပါးသွားတဲ့လူတစ်ယောက်ဆီက နှလုံးအစားထိုးကုသနိုင်ခဲ့လို အသက်ရှင်သန်ခဲ့ပေမဲ့ နှလုံးပေးခဲ့သူကတော့ မွေးကင်းစသားလေးနဲ့ချစ်ဇနီးတိုကို ထာဝရနှုတ်ဆက်သွားရကြောင်း သိလိုက်ချိန်မှာတော့ သူ့စိတ်ထဲမှာ ကရုဏာတရားလေးတစ်ခု ပေါက်ဖွားလာပါတော့တယ်။သေရွာပြန်လူသတ်သမားကြီးဘန်းဟာ နှလုံးကြောင့်ပဲလား ၊ ချစ်ခင်တွယ်တာတတ်သွားလိုလားမသိ လူသတ်ဖိုကို ရွံမုန်းလာပြီး နှလုံးပိုင်ရှင်ရဲ့မိသားစုလေးကိုပဲ စောင့်ရှောက်ပေးရင်း ဘဝကိုအေးဆေးဖြတ်သန်းနေပါတယ်။ ဒါပေမဲ့ သူ့ရဲ့အဖွဲကတော့ သူအနားယူသွားမှာကို မလိုလားခဲ့ပါဘူး။ ဒီလိုနဲ့ တစ်ဖက်နဲ့တစ်ဖက် အခြေအတင်တွေဖြစ်လာခဲ့တဲ့အခါမှာတော့…