ဟန်ဝူယောင်းဟာ စာညံ့ပြီး အမြဲရန်ဖြစ်ဆိုးသွမ်းနေတဲ့ကျောင်းသားတစ်ယောက်ပါ။သူတို့ကျောင်းကိုကျောင်းပြောင်းလာတဲ့ ကျောင်းသူသစ်လေး ဟွမ်ဆွန်ဟီးကိုမတွေ့ခင်အထိပေါ့သူတို့တွေ့ဆုံပြီးသူငယ်ချင်းသံယောဇဉ် ကနေ ချစ်ခြင်းတရားတစ်ခုပေါက်ဖွားလာခဲ့ပြီးမမျှော်လင့်ဘဲ ဆွန်ဟီးတစ်ယောက် ဝူယောင်းတို့မြို့လေးကနေ ထွက်ခွာသွားတဲ့အခါ..စာညံ့တဲ့ဝူယောင်းတစ်ယောက်ကတော့ တက္ကသိုလ်မရောက်ခဲ့ပါဘူး။တနေ့မှာ လက်ကမ်းကြော်ငြာတစ်ခုမှာ ဆိုးလ်အမျိုးသားတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ သူချစ်ရတဲ့ အမျိုးသမီးလေးဆွန်ဟီးရဲ့ပုံကိုမထင်မှတ်ဘဲ တွေ့လိုက်ရတဲ့အခါ ဝူယောင်းတစ်ယောက် တက္ကသိုလ်တက်ရဖို့အပြင်းအထန်ကြိုးစားပါတယ်။ဆိုးလ်အမျိုးသားတက္ကသိုလ်ဟာ တောင်ကိုရီးယားရဲ့ထိပ်တန်းတက္ကသိုလ်တစ်ခုပါ။ဝူယောင်းလိုစာညံ့တဲ့ကျောင်းသားအတွက်တော့ ဝင်ခွင့်ရဖို့ခက်ခဲတဲ့ တက္ကသိုလ်ပေါ့။အချစ်ရဲ့တွန်းအားတစ်ခုထဲနဲ့ ကြိုးစားပြီး တက္ကသိုလ်တက်ခွင့်ရခဲ့တဲ့ဝူယောင်း၊ဆွန်ဟီးနဲ့ ပြန်လည်ဆုံတွေ့ရသော်လည်း သူမမှာချစ်သူရှိနေမှန်းသိလိုက်ရသောအခါ…အချစ်နဲ့ဘဝအကြောင်းကိုပြောပြမယ့်ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ကျောင်းသားဘဝ၊တက္ကသိုလ်ကျောင်းသားဘဝ ပျော်ရွှင်စရာတွေ၊ သူငယ်ချင်းသံယောဇဉ်တွေကို ခံစားရမယ့်အပြင် ချစ်ခြင်းမေတ္တာရဲ့တန်ဖိုးကိုပါ ပြောပြပါလိမ့်မယ်