Witness for the Prosecution HD

Witness for the Prosecution

Crime Drama Mystery HD 1957-12-17 8.213 116 Min

ကျန်းမာရေးကို ဂရုမစိုက်ဘဲ နက်နဲတဲ့ရာဇဝတ်မှုတွေကို လိုက်ရတာ သဘောကျတဲ့ ရှေ့နေကြီးတစ်ယောက်ဟာ ဆေးရုံက ဆင်းဆင်းချင်း လူသ-တ်မှုတစ်ခုကို ကိုင်တွယ်ဖို့ ဖြစ်လာပါတယ်။တရားခံဘက်က ရှေ့နေလိုက်ရမှာဖြစ်ပြီး နိုင်နိုင်ချေ ရာနှုန်းက တော်တော်ကို နည်းတဲ့အမှုပါ။တရားခံဘက်က မျက်မြင်သက်သေဆိုလို့ သူ့အမျိုးသမီးတစ်ယောက်သာ ရှိပေမယ့်အဲဒီအမျိုးသမီးကလည်း သူ့ယောက်ျားကို ချောက်ချချင်နေတဲ့ အရိပ်အယောင်တွေကြောင့် ရှေ့နေကြီးတို့ကပဲ တရားခံအမျိုးသားဘက်ကနေ အမှုလိုက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ရှေ့နေကြီးထင်တဲ့အတိုင်းပဲ အဆိုပါအမျိုးသမီးဟာ တရားလိုဘက်ကနေပါ သူ့အမျိုးသားဖြစ်သူကို ကျူးလွန်သူဖြစ်ကြောင်း သက်သေထွက်ဆိုခဲ့ပါတယ်။ လူသတ်မှုရဲ့နောက်ကွယ်မှာဘယ်သူတွေရှိနေခဲ့တာလဲ။ အမျိုးသမီးကရော ဘာအငြိုးကြောင့် အခုလို ထွက်ဆိုရတာလဲ။ တရားခွင် အားပြိုင်မှုတွေကို စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။