ယခုတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ တရားမျှတမှုတွေ လူ့ဘဝမှာ ပြောင်းလဲမှုတွေကိုရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့ လူတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ ပန်ချာပီကားလေးပဲဖြစ်ပါတယ်။ဆာဒါချန်နန်ဆင်းဂ် ဆိုသူဟာ အတိတ်က အပြစ်တွေနဲ့ပြည့်နှက်နေတဲ့သူတစ်ယောက်ပေါ့။တဖြည်းဖြည်းအချိန်ကြာလာတဲ့အချိန်မှာတော့ သူဟာ အရှင့်ကို ယုံကြည်ကိုးစားတဲ့ စိတ်ဓာတ်ကောင်းသူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ သူဟာ ရွာသားတွေအတွက်ဦးဆောင်ကာ တရားမျှတမှုအတွက် တိုက်ခိုက်ပေးခဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။ဆာဒါချန်နန်ဆင်းဂ်ရဲ့ ဆိုးမိုက်ရာကနေ သနားကြင်နာကူညီကိုင်းရှိုင်းတတ်တဲ့သူတစ်ယောက်အဖြစ်ကိုမည်သို့မည်ပုံပြောင်းလဲသွားလဲဆိုတာကို ကြည့်ရှုရမဲ့ ဒရာမာ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။