Bloodline of the Jewel HD

Bloodline of the Jewel

Drama HD 2025-01-14 4.5 129 Min

ဆက်ရှယ်လီးလို့ ခေါ်တဲ့နိုင်ငံမှာ ယနေ့အချိန်ထိ ဘုရင်စနစ်နဲ့အုပ်ချုပ်ကြပါတယ်။ဒါပေမဲ့လည်း သားစဉ်မြေးဆက်ဘုရင်အဖြစ် အဆင့်ဆင့်ခံယူသွားခွင့်ရှိတာမျိုးမဟုတ်သူတို့ရဲ့ဒေသက ယဉ်ကျေးမှုအရ သွေးရတနာလို့ခေါ်တဲ့ ကျောက်တစ်မျိုးကို ပိုင်ဆိုင်ထားမှသာလျှင်စစ်မှန်တဲ့ဘုရင်အဖြစ်အားလုံးက အသိအမှတ်ပြုကြတာပဲဖြစ်ပါတယ်။လက်ရှိအုပ်ချုပ်နေတဲ့ ဘုရင်မှာ သွေးရတနာဟာ ပျောက်ဆုံးနေခဲ့ပါတယ်။အဲဒါကြောင့် ဘုရင်ဟာ သူ့ရဲ့လူတွေကိုလွှတ်ကာသွေးရတနာကို အရှာခိုင်းခဲ့ပါတယ်။ ကောလဟာလတွေအရ ရို့စ်ဆိုတဲ့အမျိုးသမီးကခိုးယူကာထွက်ပြေးခဲ့တာဖြစ်ပြီး သူ့သားသမီးတွေကိုပျိုးထောင်ကာ တစ်ချိန်ကြ ပုလ္လင်လာယူမယ်လို့ ပြောကြပါတယ်။သူ့မှာ သားသမီးနှစ်ဦးရှိပြီး အမကြီးဖြစ်သူဟာ နာဒူလေဖြစ်ပြီးမောင်ဖြစ်သူကတော့ ဟန်းမီပဲဖြစ်ပါတယ်။သို့ပေမဲ့လည်း သူတို့နှစ်ဦးကို ရို့စ်ဟာငယ်စဉ်ကတည်းက ပစ်ထားကာ အခြားနယ်သို့ပြောင်းရွှေ့သွားခဲ့ပါတယ်။သူတို့နှစ်ဦးမှာ အဒေါ်ဖြစ်သူနဲ့ကြီးပြင်းခဲ့ရပြီး တစ်နေ့မှာ မောင်ဖြစ်သူဟန်းမီဆီ ပါဆယ်တစ်ခုရောက်လာခဲ့ပါတယ်။ထိုနေ့ညမှာပဲ လူမိုက်တွေဟာ သူ့အခန်းထဲကို စီးဝင်လာခဲ့ပြီး သူ့ကိုသတ်သွားကြပါတယ်။ ရှေ့ဆက်သိရဖို့အတွက်ကတော့ ဇက်လမ်းလေးပဲကြည့်လိုက်ကြရအောင်။စကားမစပ်ဒီကားလေးဟာ ဇာတ်အိမ်လှပြီး ခန့်မှန်းရခက်ကာအေးအေးဆေးဆေးနဲ့ ကြည့်လို့ကောင်းမယ့် ကားလေးဖြစ်ကြောင်း ထောက်ခံပေးပါရစေ။