ဒါရိုက်တာ Louisa Warren ရိုက်ကူးထားတဲ့၂၀၂၄ ခုနှစ်ထုတ် ဗြိတိသျှ အက်ရှင် သည်းထိတ်ရင်ဖို ရုပ်ရှင်ဖြစ်ပါတယ်… Chrissie Wunna က ဒီကားမှာ စရိုက်နှစ်မျိုးပုံစံနဲ့သရုပ်ဆောင်ထားပါတယ်.. Casey ဆိုတဲ့ ကောင်မလေးက သူ့ကို ဘယ်သူ၊ ဘယ်လို ပြန်ပေးဆွဲခဲ့တယ်ဆိုတဲ့ အဖြေတွေကို ရှာဖွေရင်း လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရတဲ့အကြောင်းရိုက်ကူးထားပါတယ်။ဒီဇာတ်ကားဟာ “The Escapee” (2023) နဲ့ “The Escapee 2: The Woman in Black” (2024) တို့ရဲ့ ဇာတ်လမ်းတွဲနောက်ဆုံးပိုင်းဖြစ်ပါတယ်..ဘယ်လိုအရှုပ်အထွေးတွေနဲ့ စိတ်ဝင်စားဖွယ်ရာတွေ တွေ့ရမလဲဆိုတာ ဒီဇာတ်ကားလေးမှာ ကြည့်ရှုလိုက်ပါ..