Eternal Sunshine of the Spotless Mind HD

Eternal Sunshine of the Spotless Mind

Drama Science Fiction Romance HD 2004-03-19 8.093 108 Min

ဇာတ်လမ်းအစမှာ Joel တစ်ယောက်မရည်ရွယ်ထားတဲ့ခရီးတစ်ခုမှာClementine ဆိုတဲ့ကောင်မလေးတစ်ယောက် နဲ့ဆုံမိပြီး အပြန်ရထားပေါ်မှာ နှစ်ယောက်တူတူစကားလက်ဆုံကျရင်း ရင်းနှီးကျွမ်းဝင်သွားကြတယ်။သူတို့နှစ်‌ယောက်လုံးရဲ့ မှတ်ဉာဏ်ထဲမှာတော့ဒါက သူတို့ရဲ့ပထမဆုံးတွေ့ဆုံမှုပေါ့။တကယ်တမ်းကတော့ ဒါကသူတို့ရဲ့ဒုတိယမြောက်ပြန်တွေ့ဆုံမှုပါ။နှစ်ယောက်လုံးက အရင်ကဆုံခဲ့ဖူးကြပြီးချစ်ခဲ့ကြပြီး တွဲခဲ့ဖူးကြတဲ့သူနှစ်ယောက်ပါ။တဖြည်းဖြည်းနဲ့ toxic ဆန်လာတဲ့ သူတို့နှစ်ယောက်ရဲ့ relationship မှာ Clementine က မပျော်တော့လို့ဆိုပြီး အကြောင်းပြချက်နဲ့ မှတ်ဉာဏ်ဖျက်ပေးတဲ့ ဆေးခန်းကိုသွားပြီး Joel နဲ့ပက်သတ်ခဲ့ဖူးတဲ့အမှတ်တရတွေ မှတ်ဉာဏ်တွေအားလုံးကိုဖျက်ပစ်လိုက်တယ်။မှတ်ဉာဏ်ဖျက်ပေးတဲ့ဆေးခန်းရဲ့စည်းမျဉ်းစည်းကမ်းအရ အမှတ်တရကိုမဖျက်စီးပစ်ခင်ဖျက်စီးခံရမယ့် မှတ်ဉာဏ်ထဲကလူနဲ့ပက်သတ်ခဲ့ဖူးတဲ့ ဖလှယ်ခဲ့ဖူးတဲ့ပစ္စည်းတွေ လက်ဆောင်တွေအားလုံးကိုဆေးခန်းကိုယူသွားရပြီး တချို့ပစ္စည်းတွေကိုတော့ ဆေးခန်းကဖျက်စီးပစ်ပြီး ကြီးမားလွန်းတဲ့အမှတ်တရတွေတည်ရှိနေတဲ့ပစ္စည်းတွေကိုတော့မူရင်းပိုင်ရှင်ဖြစ်တဲ့ တနည်းအားဖြင့်အမှတ်တရတွေကိုတူတူဖန်တီးခဲ့တဲ့ကာယကံရှင် Joel ဆီ လိပ်မူပြီး Clementine ကJoel နဲ့ ပက်သတ်တဲ့မှတ်ဉာဏ်တွေအားလုံးကို ဖျက်စီးပစ်လိုက်ပြီ delete လုပ်လိုက်ပြီ ဖြစ်တာမလို့Clementine နဲ့ပြန်တွေ့ရင် မသိသလို နေပေးပါဆိုတဲ့အသိပေးစာဆန်ဆန်စာတစ်စောင်ကိုပို့ထားပေးတယ်။Joel ကလည်း ဒီလိုအမှတ်တရတွေကိုဖျက်စီးပစ်ရမလားဆိုပြီး ဒေါသတွေထွက်Anxiety တွေဝင်ပြီး လောကကြီးမှာ ကိုယ့်အကြောင်းကိုမေ့ပစ်ထားတဲ့လူရဲ့ မှတ်ဉာဏ်တွေကိုဘာလို့ သယ်ဆောင်ထားရဦးမှာလဲဆိုပြီးသူပါ မှတ်ဉာဏ်ဖျက်ပစ်လိုက်ဖို့ဆုံးဖြတ်လိုက်တယ်။Joel ဆေးခန်းသွားတဲ့နေ့က Valentine Dayမတိုင်ခင်တစ်ရက်အလိုဖြစ်ပြီး ဆေးခန်းမှာလူအရမ်းကျတဲ့နေ့ပေါ့။အမှတ်တရနေ့မတိုင်ခင်အမှတ်တရတွေကို လာဖျက်နေကြတဲ့သူတွေအမြောက်အများကြောင့် Joel တစ်ယောက် awkward ဖြစ်သွားတယ်။နာမည်ကြီးတဲ့စကားတစ်ခွန်းဖြစ်တဲ့တွယ်ငြိရာသာဆုံးရှုံးရာဆိုသလိုပေါ့။မှတ်ဉာဏ်တွေသာမရှိတော့ရင်နာကျင်ရတာတွေလည်းရှိတော့မှာမဟုတ်ဘူးဆိုတဲ့မျှော်လင့်ချက်ကြီးကြီးနဲ့side effects အရမ်းများတဲ့ မှတ်ဉာဏ်ဖျက်တဲ့လုပ်ငန်းစဉ်ကို မကြောက်မရွံ့ လုပ်ကြတဲ့သူတွေပေါ့။နောက်ဆုံးမှာ Joel တစ်ယောက်Clementine နဲ့ ပတ်သတ်တဲ့မှတ်ဉာဏ်တွေကို ဖျက်ပစ်လိုက်ပြီမလို့သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်မသိ ကြတော့ဘဲတစ်ယောက်နဲ့တစ်ယောက် မမှတ်မိကြတော့ဘဲကိုယ်စီကိုယ်စီ သူတို့ရဲ့ ပုံမှန်လူနေမှုဘဝမှာ ကျင်လည်လှုပ်ရှားနေကြရင်းနဲ့နောက်ထပ်တစ်ကြိမ် ရထားပေါ်မှာဆုံဖြစ်သွားကြပြီး ပြန် ချစ်သွားကြတယ်။ပြန်ပြီး တွယ်ငြိသွားကြပြီးချစ်သူတွေပြန်ဖြစ်သွားကြပြန်တယ်။ဒီလို meant to be သဘောတရားတွေကိုwhat if ထဲက absolute point တွေလို့ သတ်မှတ်ရမယ်ထင်တယ်။လူနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတစ်ခုမှာ absolute point တစ်ခုကတော့ သေချာပေါက်ကို ရှိကိုရှိနေမယ်ထင်တယ်။ကြုံဆုံရမယ့်သူတွေက ဆုံကိုဆုံမှာဖြစ်ပြီးသူတို့ကို ဘယ် what if တွေကမှ တားဆီးနိုင်မှာမဟုတ်ဘူး။မှတ်ဉာဏ်တွေ ဖျက်ပစ်ခံထားရရင်တောင်သူတို့ကနောက်တစ်ခါထပ်ဆုံတဲ့အချိန်ကြရင် နောက်ထပ် ထပ်ချစ်မိကြဦးမှာ။ထပ်ပြီးတစ်ယောက်ကိုတစ်ယောက်နာကျင်အောင်လုပ်မိကြဦးမှာ။Joel နဲ့ Clementine တို့နှစ်ယောက်အဲ့နေ့က ရထားပေါ်မှာမဆုံဖြစ်ခဲ့ရင်တောင်သူတို့အမြဲသွားနေကြ စာအုပ်ဆိုင်မှာပြန်ဆုံဖြစ်ကြဦးမှာဘဲ။မှတ်ဉာဏ်တွေမရှိတော့ပေမယ့်လည်းသူတို့ရဲ့မသိစိတ်ထဲမှာ အဲ့လူရဲ့ဖြစ်တည်မှုကတည်ရှိနေတာမလို့ မှတ်ဉာဏ်တွေဖျက်လို့ရရင်တောင် သူတို့ရဲ့ရွေးချယ်မှုအပြောင်းအလဲတွေကနေထပ်ထပ်ပြီး ခွဲထွက်သွားတဲ့ နောက်ထပ်သက်ရောက်မှုအသစ်တွေက သူတို့ကိုမဆုံဆုံအောင် ပြန်ဖန်တီးပေးနေဦးမှာပဲ။ဖတ်ဖူးတဲ့ ဝတ္ထုတစ်ပုဒ်ထဲမှာရေးထားတာကိုကိုးကားပြောရရင်လောကကြီးမှာ လူနှစ်မျိုးနှစ်စားရှိပြီးတစ်မျိုးကတော့ ဘဝမှာ အချစ်ကို ရှာဖွေရင်း အချိန်ကုန်ဆုံးပြီး တစ်မျိုးကတော့ ဘဝမှာ အချစ်ကို စောင့်ဆိုင်းရင်း အချိန်ကုန်ဆုံးကြတယ်တဲ့။တိုက်ဆိုင်တာက ရှာဖွေတဲ့သူကစောင့်ဆိုင်းနေတဲ့သူကိုတွေ့ပြီးစောင့်ဆိုင်းနေတဲ့သူက ရှာဖွေတဲ့သူကိုစောင့်နေကြတယ်တဲ့။ဒါကြောင့်ပဲ ရွေးချယ်မှုမတူညီကြရင်တောင်တစ်ယောက်အတွက် တစ်ယောက်ဖြစ်တည်လာစေတဲ့ butterfly effect ဆိုတဲ့ မမြင်ရတဲ့ ကံကြမ္မာဝဲဂယက်တွေက ကူးလွန့်နေကြတာပါ။နှစ်ယောက်လုံးကရှာဖွေသူဖြစ်နေရင်ဒါမှမဟုတ် နှစ်ယောက်လုံးကစောင့်ဆိုင်းသူဖြစ်နေရင် သေချာပေါက် လွဲချော်သွားကြမယ့် သူတွေပါတဲ့။ဒီရုပ်ရှင်ရဲ့ alternate endingတစ်ခုလည်းရှိပါသေးတယ်။ အဲ့ထဲမှာ Clementine ကအသက် 50ကျော် အဘွားကြီးတစ်ယောက် ဖြစ်နေပြီး မှတ်ဉာဏ်ဖျက်ဖို့ဆေးခန်းကိုထပ်လာတယ်။ဆရာဝန်က Clementine ကို သိနေပြီးnurse assistant ကတောင် Clementine နဲ့သူငယ်ချင်းတွေဖြစ်နေပေမယ့် Clementine ကတော့မှတ်ဉာဏ်ဖျက်ထားတဲ့သူမို့ ဘာမှမမှတ်မိပါဘူး။ဆရာဝန်က ထုံးစံအတိုင်း ဘယ်သူနဲ့ ပက်သတ်တဲ့ မှတ်ဉာဏ်ကိုဖျက်ပစ်မလဲမေးတော့” Joel ဆိုတဲ့ လူနဲ့ ပက်သတ်တဲ့မှတ်ဉာဏ်ကိုဖျက်ပစ်ချင်လို့ပါ။ သူနဲ့ ကျွန်မ senior ကပွဲမှာ‌ဆုံခဲ့ကြတာလေ။ နှစ်ယောက်လုံးကလူလွတ်တွေမလို့ကျွန်မတို့ တွဲဖြစ်ခဲ့ကြတယ် ။ခုတော့ ကျွန်မသူ့ကိုတော်တော်စိတ်ကုန်သွားပြီ။ဒါကြောင့်မလို့ သူနဲ့ပက်သတ်တဲ့မှတ်ဉာဏ်တွေကိုဖျက်ပေးပါရှင်။ဒီလောက်နှစ်တွေအကြာကြီး ကျွန်မ ဘာလို့ကောင်းကောင်းမွန်မွန် လူတစ်ယောက်နဲ့များအိမ်ထောင်မကျဘဲ ခုထိ အတည်တကျ ဘဝမရှိနေရလဲဆိုတာ ကျွန်မဖြင့်နားကိုမလည်နိုင်တော့ပါဘူးရှင်”ဆိုပြီး Clementine ကငြီးငြီးငြူငြူပြောတော့ဒေါက်တာက Clementine နာမည်ကို ကွန်ပျုတာမှာရိုက်လိုက်ပြီး ဆေးမှတ်တမ်းဖွင့်ကြည့်တော့နာမည်တူ ဆေးမှတ်တမ်း 15 ခုကျလာပြီးမှတ်တမ်း 15 ခုလုံးမှာ Clementine က Joel ဆိုတဲ့လူကိုသူ့မှတ်ဉာဏ်ထဲက လာလာဖျက်နေတယ်ဆိုတာပေါ့။ဒါကဖတ်ဖူးတဲ့ alternate ending တစ်ခုပါ။ဒွိဟဖြစ်ကျန်စရာကတော့ Joel ဘက်ခြမ်းကိုပြောမပြထားတာမလို့ Clementine မှတ်ဉာဏ်ဖျက်တဲ့ 15ကြိမ်လုံးမှာ Joelကကော ဖျက်ပစ်မဖျက်ပစ်ဆိုတာကိုတော့ မသိရပါဘူး။မဖျက်ပစ်ရင် Joel ကတမင် Clementine နဲ့ပြန်‌ဆုံအောင် ဖန်တီးတွေ့ဆုံနေတာဖြစ်ပြီးJoel ဘက်ကလည်းမှတ်ဉာဏ်ကိုဖျက်ပစ်ရင်သူတို့ မှတ်ဉာဏ် 15ကြိမ်ဖျက်ပြီးတာတောင်ပြန်ပြန်ဆုံကြပြီး အကြိမ်ကြိမ်ထပ်ထပ်ပြန်ချစ်မိသွားကြတာမလို့ စစ်မှန်တဲ့အချစ်လို့ပဲခေါင်းစဉ်တပ်ရမလား ဝဋ်ကြွေးလို့ပဲဆိုရမလား။တကယ်တော့ မှတ်ဉာဏ်ဆိုတာကနေရောင်သေးသေးလေးနဲ့တူပါတယ်။မှောင်မည်းနေတဲ့ချောင်ကြိုချောင်ကြားလေးထဲမှာတောင် ဖွင့်ပေးလိုက်တာနဲ့ တိုးဝင်လာတတ်တဲ့ နေရောင်ခြည်ပေါ့။အမှတ်တမဲ့ ဘာမဟုတ်တာလေးကိုစဉ်းစားမိရင်တောင် တသီကြီးတတန်းကြီးအတွေးတွေပေါ်လာစေတဲ့ကြည်နူးစေနိုင်သလို နာကျင်စေနိုင်တဲ့မှတ်ဉာဏ် နေရောင်အပိုင်းအစတွေပေါ့။Eternal Sunshine of the Spotless Mindဆိုတဲ့ ခေါင်းစဉ်ကို အဓိပ္ပါယ်ဖွင့်ကြည့်ရင်ဒါမှမဟုတ် ဇာတ်လမ်းအကြောင်းအရာမှတ်ဉာဏ်တွေနဲ့ တွဲဖက်စဉ်းစားကြည့်လိုက်ရင်နေရောင်(မှတ်ဉာဏ်) ဆိုတာ စိတ်အခံပေါ်မူတည်ပြီးနွေးထွေးမှုကိုပေးသလို တစ်ခါတစ်ရံတော့လည်း တောက်လောင်အောင် မီးမြိုက်ပေးနေတဲ့အမှတ်တရတချို့ပေါ့။နာကျင်ရတာချင်းတူရင်တောင်လူတစ်ယောက်ဆီက အကြိမ်ကြိမ်အခါခါ နာကျင်ရတာထက် မတူတဲ့သူတွေဆီက မတူတဲ့ ပုံစံကြောင့်နာကျင်ရတာက ပိုသက်သာမယ်ထင်တယ်။ဒါကြောင့် Clementine ကအမြဲတမ်းမှတ်ဉာဏ်တွေ ဖျက်ပစ်တဲ့နည်းကိုဘဲ ရွေးပြီးအဆိပ်အတောက်ဖြစ်ဖြစ်သွားတဲ့ သူတို့ဆက်ဆံရေးကနေ ရုန်းထွက်နိုင်ဖို့ကြိုးစားခဲ့တာထင်တယ်။မှတ်ဉာဏ်တွေကို ဖျက်ပစ်လိုက်ပြီးquitလုပ်တဲ့နည်းက အဆုံးသတ်လိုက်ဖို့အလွယ်ဆုံးလို့ တွေးမိလို့ Clementine တစ်ယောက်ဒီနည်းကိုရွေးခဲ့ပေမယ့်လည်းတကယ်တမ်းကျတော့ သူ့မသိစိတ်မှာကျJoel အပေါ် တွယ်ငြိ စွဲလမ်းနေလို့ ပြန်ဆုံတွေ့တိုင်းအရင်ကမှားတယ်လို့ သူယူဆခဲ့တဲ့ လမ်းကိုဘဲသူအကြိမ်ကြိမ်ပြန်ရွေးချယ်နေခဲ့တုန်းပါပဲ။