Metro... In Dino HD

Metro... In Dino

Comedy Drama Romance HD 2025-07-04 5.857 159 Min

အသစ်ထွက်ရှိလာတဲ့ ဟင်ဒီရုပ်ရှင်အလန်းစားတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်။musicalလည်းဖြစ် romanceလည်းဖြစ်တဲ့အတွက်ကြောင့် ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းတဲ့သံစဉ်တွေသီချင်းတွေအပြင် သမားရိုးကျဘ၀တွေထဲက အချစ်ဇာတ်လမ်းတွေကို ပုံဖော်ထားတာရှုမြင်ခံစားကြရမှာပါ။ သရုပ်ဆောင်တွေအနေနဲ့ဆိုလည်း အာဒီတယာ၊ ပန်ကာ့ချ်တရီပါသီ၊ဆာရာအလီခန်း၊ဖာတီမာဆာနာရှိတ်ခ်၊ နီနာဂုပ်တာ၊ ကွန်ကိုနာဆန်ရှာမာ၊ အာလီဖိုင်ဇယ်တို့လို အိန္ဒိယရုပ်ရှင်ပရိသတ်တို့အတွက်မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်လူကြီးလူငယ်များစွာတခမ်းတနားပါဝင်ထားပါသေးတယ်။အချစ်တစ်ခုဖြစ်ပေါ်လာချိန် အတူတူပေါင်းဖက်ကြဖို့က ပန်းတိုင်တစ်ခုဆို အဲဒီပန်းတိုင်ရဲ့ နောက်ဆက်တွဲကရော…ပျော်ရွှင်စွာပေါင်းဖက်နေထိုင်သွားကြလေသတည်းနဲ့ပဲ ဇာတ်သိမ်းတတ်ကြတာလား။ မဟုတ်ပါဘူး။လူရယ်ဖြစ်တည်လာသူတိုင်း ကြုံတွေ့ခံစားရပြီး မြင်တွေ့နေကျသမားရိုးကျအဖြစ်အပျက်တစ်ခုလိုပါပဲ။ဒီတော့ အချစ်ရယ်ဆိုတာကြီးရဲ့ ပန်းတိုင်ဖြစ်တဲ့ ပေါင်းဖက်ပြီးချိန်မှာ အခက်အခဲတွေ၊ ဝေးကွာလာမှုတွေနဲ့ နားလည်မှုဆိုတာတွေကိုဒီရုပ်ရှင်ထဲကလူငယ်တွေ လူကြီးတွေကြားက ဆက်ဆံရေးမှာ သိပ်ကောင်းတဲ့သံစဉ်စာသားတွေရယ်ဖြစ်တည်မှုတွေရယ်နဲ့ ဖန်တီးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။