Songs of Paradise HD

Songs of Paradise

Drama Family Music HD 2025-08-29 10 106 Min

ဒီတစ်ခါမှာတော့ ခပ်ငြိမ့်ငြိမ့်လေး စီးမျောခံစားချင်သူတိုအတွက် အမျိုးသမီးဂီတပညာရှင်တစ်ယောက်ရဲ့ဘ၀ဇာတ်ကြောင်းကို ရိုးရိုးလေးနဲ့ စိတ်၀င်စားစရာ တင်ဆက်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇီဘာ တစ်ဖြစ်လဲ နူးရ်ဆိုတဲ့ အမျိုးသမီးကြီးကို ကတ်ရှ်မီးရ်ရဲ့ပထမဆုံးအမျိုးသမီးအဆိုရှင် တစ်နည်းအားဖြင့် ကတ်ရှ်မီးရ်အမျိုးသမီးအဆိုရှင်တို့ရဲ့ဂီတခရီးကို အစပြုခဲ့သူအဖြစ် သတ်မှတ်ထားကြပါတယ်။ဇာတ်လမ်းအစမှာ အဘွားအရွယ်‌ရောက်နေပြီဆိုတဲ့ နူးရ်ဟာ သမီးနဲ့မြေးတွေနဲ့အတူသူမြတ်နိုးတဲ့ဂီတအလုပ်ကို ဆက်လုပ်နေပုံနဲ့ အစပျိုးထားပါတယ်။တစ်နေ့တော့ ကတ်ရှ်မီးရ်ဂီတအကြောင်း စာတမ်းပြုစုနေတဲ့ ရူမီဆိုတဲ့ ဂီတဝါသနာရှင်ကောင်လေးက နူးရ်ကို ချဉ်းကပ်ပြီးသူ့ဘ၀အကြောင်းမေးမြန်းခဲ့ရာကစလို…တစ်ချိန်က ဇီဘာဖြစ်ခဲ့တဲ့ နူးရ်ရဲ့ဘ၀ဇာတ်ကြောင်းကို ပြန်ပြောင်းပြောပြပုံနဲ့ ဇာတ်ကို ငြိမ့်ငြိမ့်လေး တင်ဆက်ပေးထားပါတယ်။အမျိုးသမီးတစ်ယောက်အနေနဲ့ ဂီတအလုပ်လုပ်ဖိုအဆိုရှင်အဖြစ်ရပ်တည်ဖို့ ခက်ခဲခဲ့တဲ့ကာလမှာ နူးရ်တစ်ယောက် ဘယ်လိုကြိုးစားရုန်းကန်ခဲ့ရလဲ ဘာတွေကြုံခဲ့ရလဲဆိုတာကို သီချင်းလေးတွေခံစားရင်း ဆက်လက်ကြည့်ရှုသွားကြရမှာပါ။