Pierce Brosnanရဲ့ Iconicအဖြစ်ဆုံး ဇာတ်ကောင်က ကျွန်တော့်အတွက်တော့ ဂျိမ်းစ်ဘွန်းပဲ။ ကျွန်တော်တို့ငယ်ငယ်ကခေတ်မှာတော့ သူ့ဂျိမ်းစ်ဘွန်းကို ကျွန်တော်တို့အရွယ်တွေပိုသိခဲ့ကြတယ်။ဒီနိုဝင်ဘာမန်းကလည်း စီအိုင်အေအေးဂျင့်တစ်ယောက်အကြောင်း ဇာတ်လမ်းပဲ။ ကာရိုက်တာကတော့ ဂျိမ်းစ်ဘွန်းလိုတော့ မဟုတ်ပေမဲ့ ဇာတ်ကတော့ ခပ်ဆင်ဆင်ပါပဲ။ဒီထဲက သူ့ဇာတ်ကောင်ကတော့ အေးဂျင့်ပိုဆန်တဲ့ ဇာတ်ကောင်မျိုးပဲ။ သွေးအေးတယ်။ ရက်စက်တယ်။ အမိန့်ကလွဲ ဘာမှမသိဘူးပေါ့။အဲဒီလိုသွေးအေးလွန်းလို့သူဖြတ်သန်းသွားပြီးတဲ့နေရာတွေမှာ အသက်ရှင်ကျန်ရစ်သူမရှိဘူးဆိုတဲ့ သဘောနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက နိုဝင်ဘာမန်းလို့ နာမည်ပေးထားကြတယ်။ ဆောင်းဦးရဲ့နောက်ဆုံးလဆောင်းရဲ့အကူးလ နိုဝင်ဘာလို အေးစက်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဒီဇာတ်လမ်းက အဲဒီအေးဂျင့်ရဲ့ နောက်ဆုံးမစ်ရှင်လို့ပြောလို့ရတဲ့ မစ်ရှင်တစ်ခုအကြောင်းပဲ။ရုပ်ရှင်တွေတော်တော်များများထဲမှာတော့ စီအိုင်အေလည်ပတ်ပုံက တာဝန်ချပေးထားတာကလွဲ လုပ်ပုံကိုင်ပုံ ဘာညာက ဖရီးလန့်တော်တော်ဆန်တယ်။ တစ်ခါတလေကျ အထက်က မသိဘဲ အောက်မှာဖြစ်ချင်တာဖြစ်တတ်တဲ့ ပုံမျိုးလည်း ပုံဖော်ကြတယ်။ တစ်ခါတလေကျလည်း တွေးမိပါတယ်။ဒီလိုပြတဲ့ကားတွေက လုပ်ချင်တာလုပ်ပြီးမှ ငါတို့အမိန့်မပေးပါဘူးဆိုပြီး ဖာထေးချင်လို့ရိုက်ထားတဲ့ သဘောဆန်ဆန် ပေါ်လစီကားတွေများဖြစ်နေမလားလို့ပေါ့။ ဘာနေနေ The November Manကတော့ ဂျိမ်းစ်ဘွန်းကားတွေ , စပိုင်ကားတွေ, အက်ရှင်ကားတွေကြိုက်ရင်ဇာတ်အိမ်လည်းကောင်းတဲ့ ကားကောင်းပါပဲ။