ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်ဗီယက်နမ်စစ်ပွဲမှာ ပါဝင်ခဲ့တဲ့အငြိမ်းစားတပ်ကြပ်ကြီးတစ်ယောက်ရောက်လာတယ်…သူလာခဲ့တဲ့ကိစ္စကလည်း ခပ်ဆန်းဆန်းပဲ…လေတပ်က စစ်သည်တစ်ယောက်ရဲ့ သူရဲကောင်းဘွဲ့နဲ့ပတ်သက်ပြီးလာခဲ့တာပါ…ဒီလေတပ်စစ်သည်ဟာ အမေရိကန်ဗီယက်နမ်စစ်ပွဲမှာ သေဆုံးသွားခဲ့ပြီး နောက်တော့သူ့ရဲ့ သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေကြောင့် လေတပ်သူရဲကောင်းဘွဲ့ရခဲ့ပါတယ်…တပ်ကြပ်ကြီးလာခဲ့တဲ့အကြောင်းရင်းက အမေရိကန်ရဲ့အမြင့်ဆုံးသူရဲကောင်းဘွဲ့ဖြစ်တဲ့Medal of Honor မပေးလို့ ရောက်လာတာပါ……နှစ်(၃၄)နှစ်တောင်ကြာမြင့်နေပြီဒီတပ်ကြပ်ကြီးကတော့ သူ့တို့ရဲ့ ရဲဘော်ရဲဘက်ဟာ Medal Of Honor မရလို့ပေါက်ကွဲနေပုံပါပဲ….အဲ့ဒီနောက်တော့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကိစ္စတစ်ခုလုံးပြန်လည်စုံစမ်းပြီး Medal Of Honor ပေးသင့်မပေးသင့် ဆုံးဖြတ်ပါတော့တယ်..ဘာကြောင့် ဒီတပ်ကြပ်ကြီးဟာ အမြင့်ဆုံးသူရဲကောင်းဘွဲ့အတွက် ရောက်လာတာလဲ..သူက အဲ့ဒီလို ရစေချင်လောက်အောင် ဒီလေတပ်စစ်သည်ဟာ စစ်ပွဲအတွင်းဘာလိုတွေများစွမ်းဆောင်ခဲ့တာလဲ…ဒီစစ်ကားက တော်တော်ကြီးကိုကောင်းပါတယ်…စုံစမ်းမေးမြန်းနေတာကိုတစ်လှည့်ပြလိုက် ရှေ့တန်းစစ်မြေပြင်ရဲ့ ကြောက်စရာ တိုက်ပွဲတွေကိုတစ်လှည့်ပြလိုက်နဲ့တကယ့်ကို လန်းပါတယ်…စစ်ကားကြိုက်သူတို့ အတွက် လက်မလွှတ်သင့်ပါကြောင်း..ပြီးတော့ တကယ့်မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတာပါ…Samuel L. Jacksonတို့ Sebastian Stan တို့ အဓိက ပါဝင်ထားပါတယ်…ခံစားကြည့်ကြပါဦး…