ရှုပ်ထွေးပွယောင်းကောက်ကွေးနေတဲ့ ဆံပင်အရှည်ကြီး ရှိတဲ့ အသက် ၁၉ နှစ်အရွယ်အထက်တန်းကျောင်းသူလေး ဘတ်ဆယ်ရီ (Shin Eun Soo) ဟာ ဆိုးလ်က ပြောင်းလာတဲ့ကျောင်းသားဟန်ယွန်းဆော့ (Gong Myung) နဲ့ ပူးပေါင်းကာ သူမရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့“အချစ်စစ်ဆေးရေး”ကို စတင်ဖို့ကြိုးစားပါတယ်။ ဆယ်ရီတစ်ယောက် သူမရဲ့ ဆံပင်အရှည်ကြီးကိုဖြောင့်ပြီးတစ်ကျောင်းလုံးရဲ့ နာမည်ကြီး ကျောင်းသားလေး ဂင်ဟျွန်း (Chan Woo Min) ကိုဖွင့်ပြောဖို့အတွက် ကြိုးစားကာ ဘယ်လိုအချစ်စစ်ဆင်ရေးတွေဖန်တီးမလဲဆိုတာအပြင်ဆယ်ရီရဲ့ချစ်ဖို့ကောင်းပြီး တက်ကြွတဲ့အကျင့်စရိုက်တွေကိုပါ ဟာသဆန်ဆန် ပေါ့ပေါ့ပါးပါးလေးရိုက်ပြထားတာမို့ ရှုစားကြည့်လိုက်ပါဦးနော်။