Steel Rain HD

Steel Rain

Action Thriller HD 2017-12-14 7.101 139 Min

မြောက်ကိုးရီးယားမှာ အာဏာသိမ်းမှု ဖြစ်ပွားပြီးပြီးချင်းမှာပဲ မြောက်ကိုးရီးယား ထိပ်တန်းအေးဂျင့်ဟောင်းတစ်ဦးဖြစ်တဲ့အောမ်ချောအူ (Jung Woo-Sung)က မြောက်ကိုးရီးယားခေါင်းဆောင်ကို ကယ်တင်ပြီး တောင်ကိုးရီးယားဆီအတူထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ မြောက်ကိုးရီးယားက တောင်ကိုးရီးယားနဲ့အမေရိကန်ကိုစစ်ကြေညာလိုက်သလို တောင်ကိုးရီးယားကလည်း အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်လိုက်ပါတော့တယ်။တစ်ဖက်မှာလည်း တောင်ကိုးရီးယား အမျိုးသားလုံခြုံရေးအကြီးတန်းအတွင်းရေးမှူး ဂွက်ချောအူ (Kwak Do-Won) ဟာမြောက်ကိုးရီးယားခေါင်းဆောင်က တောင်ကိုးရီးယားကို ရောက်နေတယ်ဆိုတဲ့ သတင်းကိုရလိုက်ပြီး စစ်ပွဲကိုတားဆီးဖို့အတွက်အောမ်ချောအူနဲ့ မြောက်ကိုးရီးယားခေါင်းဆောင်နားကို လျှို့ဝှက်ချဉ်းကပ်လာတဲ့အခါမှာတော့…အောမ်ချောအူက သူတို့ခေါင်းဆောင်ကို မြောက်ကိုးရီးယားဆီ ဘေးကင်းစွာနဲ့ပြန်လည်ခေါ်ဆောင်သွားနိုင်မှာလား….တောင်-မြောက်ကိုးရီးယားကြား တင်းမာမှုတွေကရော ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို အက်ရှင်ခန်းများနဲ့အတူစိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ကားကောင်းလေးပဲဖြစ်ပါတယ်။