The Thursday Murder Club FHD

The Thursday Murder Club

Comedy Crime Drama Thriller Mystery FHD 2025-08-22 6.8 118 Min

တစ်ခါက ကူပါချေ့စ်ဆိုတဲ့ ဘိုးဘွားရိပ်သာတစ်ခုရှိပါတယ်။အဲလိဇဘက်၊ ရွန်နဲ့ အီဘရာဟင်မ်ဆိုတဲ့ မိတ်ဆွေသုံး‌ယောက်ကတော့ ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်တွေပါ။အငြိမ်းစားယူပြီးအချိန်တွေပိုနေတဲ့ အဘိုးကြီးအဘွားကြီးတွေပီပီ သူတို့သုံးယောက်က အရင်က မဖြေရှင်းနိုင်လိုက်တဲ့အမှုဟောင်းတွေကို ကြာသပတေးနေ့တိုင်း အစည်းအဝေးထိုင် ဖြေရှင်းကြပြီးသူတို့အဖွဲ့နာမည်ကို “The Thursday Murder Club” လို့နာမည်ပေးထားကြပါတယ်။တိုနီနဲ့ အီရန်ကတော့ ကူပါချေ့စ်ရဲ့ ပိုင်ရှင်တွေပါ။ တိုနီက ရိပ်သာမှာ သူ့အဒေါ်ရှိသေးတာကြောင့် ကူပါချေ့စ်ကို ဆက်ပြီးဖွင့်ချင်ပေမဲ့ အီရန်ကတော့ အကျိုးလိုလို့အဲဒီနေရာမှာ ဇိမ်ခံတိုက်တွေ ဆောက်ပြီး ရိပ်သာကို ပိတ်ပစ်ချင်သူပါ။တစ်နေ့တော့ သူတို့ကတောက်ကဆဖြစ်ပြီး နောက်နေ့မှာ တိုနီဟာ ရုတ်တရက် သူ့နေအိမ်မှာ အသတ်ခံလိုက်ရပါတယ်ဒီလိုနဲ့ တိုနီ့ရဲ့ သေဆုံးမှုက စုံထောက်ကြီးသုံးယောက်ရဲ့ အလုပ်တစ်ခု ဖြစ်လာကာ တရားခံရှာပုံတော် ဖွင့်ကြပါတော့တယ်။