၂၀၂၄ တုန်းကထွက်ရှိထားတဲ့ Horror ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဘဝမှာပျော်ပျော်ရွှင်နဲ့နေထိုင်နေကြပြီးသဘောမနောကောင်းတဲ့မိသားစုတစ်ခုကတစ်နေ့ဟောလိုးဝင်းတစ်ညမှာ ကလေးတွေကိုချိုချဉ်တွေပေးပြီး အေးအေးလူလူဖြတ်သန်းနေကြပါတယ်။ဒါပေမဲ့ကံဆိုးစွာနဲ့ပဲ ဘာရန်ငြိုးရန်စမှမရှိဘာအကြောင်းပြချက်မှမရှိပဲ အရိုးခေါင်းမျက်နှာဖုံးစွပ်ထားတဲ့လူတစ်ယောက်သူတို့ဖခင်ကို သူတို့ရှေ့မှာတင်ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ပါတယ်။ ရဲတွေအနေနဲ့လဲစုံစမ်းစစ်ဆေးခဲ့ကြပေမဲ့ဘယ်လိုမှအမှုကိုဆက်စပ်လို့မရခဲ့ကြပါဘူး။ သူတို့မိသားစုလဲ အဲ့ဒီလူသတ်သမားကသူတို့မိသားစုကိုပြန်လာပြီးဒုက္ခပေးဦးမယ်ဆိုတဲ့စိတ်နဲ့ဘဝကိုစိတ်ဒဏ်ရာတွေနဲ့ကျီးလန့်စာစားနေနေခဲ့ကြရပါတယ်။ ဒါပေမဲ့ သူတို့မသိကြတဲ့သူတို့မိသားစုနဲ့ဆက်စပ်နေတဲ့ နောက်ကွယ်ကအကြောင်းတရားတွေကိုတဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့ပြီးအရိုးခေါင်းနဲ့လူကသူတို့ကိုဘယ်လိုများလာပြီး ဒုက္ခပေးမလဲ ဘယ်လိုများသူတို့မိသားစု ဒီလိုအန္တရာယ်ဆိုးကြီးကို ဖြတ်ကျော်ကြမယ်ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး ….