Sketch ကတော့ Seth Worley ရေးသားဒါရိုက်တာလုပ်ရိုက်ကူးထားတဲ့ အမေရိကန် စွန့်စားခန်း စိတ်ကူးယဉ် မိသားစုရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပြီး၂၀၂၄ ခုနှစ် စက်တင်ဘာလက TorontoInternational Film Festival (TIFF) မှာ ပထမဆုံးပြသခဲ့ပါတယ်။ဇာတ်ကားမှာ Tony Hale ၊ D’Arcy Carden ၊ Bianca Belle ၊ Kue Lawrence နဲ့ Kalon Cox တို့အဓိကသရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ Wyatt မိသားစုအပေါ် ကျရောက်လာတဲ့စမ်းချောင်းတစ်ခုရဲ့ မှော်ဆန်တဲ့စွမ်းအင်ကြောင့် ကလေးတွေရဲ့ဘဝတွေပြောင်းလဲသွားပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။မိခင်ဆုံးပါးပြီး ဝမ်းနည်းနေတဲ့ Wyatt မိသားစုက သားဖြစ်သူဂျက်ဟာ အိမ်နောက်ဖေးက စမ်းချောင်းတစ်ခုမှာကျိုးပဲ့နေတဲ့ပစ္စည်းတွေကိုပြန်လည်ကောင်းမွန်စေနိုင်တဲ့ မှော်စွမ်းအင်ရှိနေတာကို မြင်တွေ့လိုက်ရပါတယ်။ဂျက်ရဲ့ ညီမဖြစ်သူ အမ်ဘာကတော့ သူ့ရဲ့ဝမ်းနည်းမှုတွေကို ပုံဆွဲတဲ့နည်းနဲ့ဖော်ထုတ်တတ်ပြီး သူ့ပုံတွေထဲမှာ ကြောက်စရာကောင်းတဲ့ သတ္တဝါတွေပါဝင်နေခဲ့ပါတယ်။တစ်နေ့မှာတော့ အမ်ဘာရဲ့ပုံဆွဲမှတ်တမ်းဟာ မှော်စမ်းချောင်းထဲကျသွားရာကနေသူဆွဲထားတဲ့သတ္တဝါကြီးတွေက အသက်ဝင်ပြီးမြို့တစ်ခုလုံးကို ခြိမ်းခြောက်လာပါတော့တယ်။အဲဒီအခါမှာတော့ မိသားစုဝင်အားလုံးပူးပေါင်းပြီး သတ္တဝါကြီးတွေကိုတိုက်ထုတ်ဖို့ကြိုးစားကြရပါတယ်။ဒီဖြစ်ရပ်တွေကြားကနေ မိသားစုဝင်တစ်ဦးချင်းစီရဲ့ ဝမ်းနည်းမှုတွေကို ရင်ဆိုင်ကျော်လွှားကြပုံကိုလည်း ဇာတ်ကားက မီးမောင်းထိုးပြထားပါတယ်။Sketchဇာတ်ကားဟာ ဝမ်းနည်းမှုကို ကိုင်တွယ်ဖြေရှင်းပုံနဲ့ မိသားစုဆက်ဆံရေးကို အဓိကပြသထားပြီး အထူးသဖြင့် ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာကြီးထွားမှုကို နက်နက်ရှိုင်းရှိုင်းမြင်တွေ့ရပါတယ်။