ဒီဇာတ်ကားကတော့ ဒါရိုက်တာ Christopher Schrack ရိုက်ကူးထားတဲ့ Horror Comedy ဇာတ်ကားအမျိုးအစားလေးဖြစ်ပြီးတော့Andrew Roth, Corinne Britti, Rachael Lubarsky, SteveMontague, Erik Alexis စတဲ့ သရုပ်ဆောင်တွေက ပါဝင်ပေးထားကြပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် ဖောက်သည်တိုင်းကိုလိမ်လည်ပြီးတော့ သူ့အကျိုးအတွက်ဘယ်သူ့ကိုမဆိုချနင်းတတ်တဲ့ အရောင်းသမား မေဆင်ဟာသူ့အလုပ်နဲ့ ရည်းစားဖြစ်သူကို ဆုံးရှုံးသွားခဲ့ပြီးတဲ့နောက်မှာ ဘယ်လိုမှရောင်းမထွက်တဲ့အိမ်ကြီးကိုရောင်းချဖို့အတွက်အလုပ်ပေးခြင်းခံရပါတယ်။ဖြစ်ချင်တော့ အဲဒီအိမ်ထဲမှာ လူသတ်မှုတွေအများကြီးဖြစ်ခဲ့တဲ့အပြင် အိမ်မှာနေတဲ့သူတွေကိုလည်း ခြောက်လှန့်တတ်ပါတယ်။အဲဒီလိုနဲ့ အိမ်ရောင်းထွက်သွားဖို့ နည်းလမ်းရှာရင်းအိမ်ကြီးရဲ့မှောင်မိုက်တဲ့လျှို့ဝှက်ချက်တွေကို သိလာပြီးတော့ အဲဒီအိမ်ကို ဘယ်လိုဆက်လုပ်မလဲဆိုတာသည်းထိပ်ရင်ဖို ကြည့်ရှုကြရမှာပါ။Low budget movie ဆိုပေမယ့်ဇာတ်လမ်းကကြည့်လို့ကောင်းပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ Horror vibe ကို ကောင်းကောင်းခံစားရပါတယ်။