Detective Dee and Resurrection from the Dead HD

Detective Dee and Resurrection from the Dead

Action Mystery HD 2022-07-09 8.3 73 Min

အခုတင်ဆက်ပေးလိုက်တဲ့ Detective Dee ရဲ့အကြောင်းကိုတော့အထူးတစ်လည်မိတ်ဆက်ပေးနေစရာမလိုဘူးထင်ပါတယ်။ခက်ခဲနက်နဲတဲ့အမှုမျိုးမျိုးမှာ လက်စွမ်းတွေပြခဲ့တဲ့ဆရာကြီးဒီးတစ်ယောက် ဘယ်လိုတွေလက်စွမ်းပြဦးမလဲဆိုတာ ကြည့်လိုက်ကြပါဦး။ဇာတ်လမ်းအကျဉ်းလေးကတော့ဘုရင်မကြီးကDetective Dee အတွက်ကျင်းပပေးတဲ့ ရာထူးတိုးဂုဏ်ပြုပွဲမှာဝိဉာဉ်စစ်သည်တွေနန်းတွင်းကိုဝင်စီးတယ်ဆိုတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်ကြီးဖြစ်သွားခဲ့တယ်။အဲဒါနဲ့ စုံထောက်ကြီးဒီးတစ်ယောက်ကအသေကောင်တွေပြန်ထလာတယ်ဆိုတဲ့ ချောင်ခရိုင်ကိုအပြေးနှင်ပြီးအမှုစုံစမ်းဖို့သွားတဲ့အချိန်မှာပဲ ခြုံခိုတိုက်ခိုက်ခံလိုက်ရပါတယ်။စုံထောက်ကြီးဒီးသေဆုံးသွားတာကို ဘုရင်မကြီးကတိတ်တဆိတ်ပဲသဂြိုလ်ခိုင်းလိုက်ပါတယ်။အဲဒီအချိန်မှာ စုံထောက်ကြီးဒီးနဲ့ ရုပ်ချင်းဆင်တဲ့စုန့်ရှောင်ပိုင်ဆိုတဲ့လူဟာ သူ့ကိုယ်သူစုံထောက်ကြီးဒီးပါဆိုပြီးလိမ်စားနေပါရော။အဲဒီလိုနဲ့ စုံထောက်ကြီးဒီးရဲ့ ရန်သူကသူ့ဆီကိုရောက်လာပါတော့တယ်။အယောင်ဆောင်Deeတစ်ယောက်ဘယ်လိုများအန္တရာယ်တွေကိုကျော်ဖြတ်မလဲ ……စုံထောက်ကြီးDeeကရောတကယ်သေသွားပြီလား……အမှုရဲ့နောက်ကွယ်ကလက်မဲကြီးကဘယ်သူဖြစ်ပြီးတော့ဘယ်လိုအဆုံးသတ်မလဲဆိုတာကိုတော့ အဆုံးထိဆက်ကြည့်လိုက်ပါနော်။