Perfect Number HD

Perfect Number

Thriller Mystery HD 2012-10-18 6.636 120 Min

ဒီဇာတ်ကားလေးကတော့ အတော်များများစိတ်ဝင်စားတတ်ကြတဲ့ ကိုရီးယား CrimeMystery-drama အမျိုးအစား ဇာတ်ကားလေးပဲဖြစ်ပါတယ် ..ထက်မြတ်တဲ့ ဉာဏ်ရည်ပိုင်ဆိုင်ထားတဲ့ အထက်တန်းကျောင်းသင်္ချာဆရာတစ်ယောက်ရှိတယ်…သူက တစ်ယောက်တည်းနေတတ်တဲ့သူမို့ လူအများနဲ့ပေါင်းသင်းဆက်ဆံတဲ့အပိုင်းမှာ သိပ်တော့အံဝင်လေ့မရှိ…ဒါပေမယ့်သူ တစ်ဖက်သတ်သိပ်ချစ်တဲ့အမျိုးသမီးတစ်ယောက်ရှိတယ်…ဒီအမျိုးသမီးဟာ တစ်ခုလပ်တစ်ယောက်..တစ်နေ့တော့ အဲ့ဒီအမျိုးသမီးဟာခင်ပွန်းဟောင်းဖြစ်သူကိုမတော်တဆသတ်မိသွားတယ်…ဒီအရေးကိုသိတဲ့ သင်္ချာဆရာဟာ သူချစ်တဲ့အမျိုးသမီးကို အမှုအခင်းက လွတ်ဖို့အရေးသူ့ရဲ့ထက်မြတ်တဲ့ ဉာဏ်ရည်ကို ကောင်းကောင်းအသုံးချပြီး ကာကွယ်ဖို့ကြိုးစားပါတော့တယ်…မှုခင်းထောက်လှမ်းရာမှာတော်တဲ့ ရဲတွေကရော အမှုမှန်ကို ဖော်ထုတ်နိုင်မလား..သင်္ချာဆရာဖြစ်သူရဲ့လှည့်စားမှုအောက်ကိုရောက်သွားမလားဆိုတာကိုတော့ကြည့်ရှုခံစားလိုက်ပါဦးနော် ..ဒီကားက တကယ်ကို စိတ်လှုပ်ရှားစရာပါ.. ကိုရီးယားတွေ ဒီလိုဇာတ်မျိုးဆို ရိုက်ကူးရာမှာအတော်ပိုင်လေ့ရှိတယ်ရင်တဖိုဖိုနဲ့ကို စဆုံးဆွဲခေါပြီး စိတ်လှုပ်ရှားမှုအပြည့်ပေးနိုင်တယ်…