မင်းသားချော Lee Min Ki နဲ့ မင်းသမီးလေး Kang Ye Won တို့ ပါဝင်ထားတဲ့ အက်ရှင်ကားလေးကိုတင်ဆက်ပေးပါရစေ။ဆိုင်ကယ်ခပ်လန်းလန်းကို စီးပြီး ပစ္စည်းပို့တဲ့အလုပ်ကို လုပ်နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်..သူဟာ မြို့ရဲ့ ယာဉ်ထိန်းရဲတွေရဲ့ အထာကို သိသလိုလမ်းတွေရဲ့အနေအထားကိုလည်းသိတယ် ..သူ့ရဲ့ဆိုင်ကယ်စီးကျွမ်းကျင်မှုကို အသုံးချပြီး ပစ္စည်းတွေပို့တဲ့ နေရာမှာ စည်းကမ်းမဲ့ပြဿနာတွေလည်း တစ်ခါတစ်ရံဖြစ်လေ့ရှိတယ်….အချိန်တိုအတွင်း ရှုပ်ထွေးတဲ့လမ်းမထက်မှာ သူများထက်ပစ္စည်းပို့မြန်ဆန်လေ့ရှိတဲ့အတွက်ကြောင့်ဝန်ဆောင်ခ များများလေးရလေတော့ သူ့အတွက်တော့ အတော်တွက်ချေကိုက်တဲ့အလုပ်ပါပဲ…တစ်နေ့တော့ သူပါဆယ်ပို့တဲ့ အဆောက်အဦမှာ ဗုံးပေါက်ကွဲမှုဖြစ်တယ်….နောက်ပြီး လူတစ်ယောက်ကို လိုက်လံပို့ဆောင်စဉ်မှာ ဆိုင်ကိုယ်စီးဦးထုတ်မှာဗုံးထောင်ခံရတဲ့အပြင် အမည်မသိ ဖုန်းခေါ်ဆိုမှုကနေဆိုင်ကယ်စီးဦးထုပ် ဗုံးပေါက်မဲ့ကိစ္စကိုခြိမ်းခြောက်ခံရပါတော့တယ် ..အဆောက်အဦ ဗုံးပေါက်ကွဲမှုမှာ ရဲတွေ သံသယတရားခံနောက်လိုက်စဉ်မှာလည်း ပါဆယ်ပို့တဲ့သူကအဓိကသံသယတရားခံဖြစ်လာတဲ့အချိန်မှာတော့….ဘာတွေဆက်ဖြစ်ကြမလဲ …ဘယ်သူက ခြိမ်းခြောက်တာလဲ..ဘာ့ကြောင့်လဲ…အဆောက်အဦမှာရော ဘာလို့ဗုံးထောင်တာလဲကိုရီးယားခပ်မိုက်မိုက်စတန့် အက်ရှင် ကားကြိုက်တဲ့သူတွေအဖို့လက်မလွှတ်သင့်ပါကြောင်း…