ဝေးလံခေါင်ဖျားတဲ့ ကျွန်းရွာလေးတစ်ခုမှာမုန်တိုင်းကြောင့် ဖုန်းလိုင်းတွေ အင်တာနက်တွေပျက်တောက်သွားချိန်မှာ ဝင်လာတဲ့ဖုန်းတစ်ခုကြောင့် သူငယ်ချင်းနှစ်ဦးအလုပ်များသွားရပါတော့တယ်။ အကြောင်းကတော့ ကျွန်းပေါ်မှာ ယူရိုရှစ်သန်း ထီပေါက်တဲ့သူရှိတယ်ဆိုတဲ့ ဖုန်းကြောင့်ပါပဲ။သူငယ်ချင်းနှစ်ယောက် ထီပေါက်တဲ့သူကို အကြံကုန်ထုတ်သုံးကာစုံစမ်းကြရင်း မထင်မှတ်လောက်စရာ ကံကြမ္မာအလှည့်အပြောင်းနှင့်ကြုံတွေ့ရသောအခါ ဘယ်လိုကျော်ဖြတ် ဖြေရှင်းမလဲဆိုတာကို အလွဲပေါင်းစုံနှင့်ဖြေရှင်းပုံကို ဟာသနှောကာရိုက်ကူးတင်ဆက်ထားသည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။