HD
The Company Called Glitch That Nobody and Everybody Wanted
ဒီကားလေးက ၂၀၂၄ခုနှစ်ထွက် စီးပွားရေးဖိအားကို ဖော်ပြထားတဲ့သဲထိတ်ရင်ဖိုဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ “Glitch”ဆိုတဲ့ အက်ပလီကေးရှင်းစွန့်ဦးတီထွင်ကုမ္ပဏီကိုဦးဆောင်နေတာဖြစ်ပါတယ်။ အကြွေးတွေပိနေတဲ့အတွက်ကြောင့် အက်ပ်ကို တခြားကုမ္ပဏီကြီးဆီ မရောင်းရအောင် အက်ပ်ကိုထုတ်ပြီး မားကတ်တင်းဆင်းဖို့ရင်းနှီးမြုပ်နှံသူရှာဖို့အတွက် စီအီးအိုတစ်ဦးက မနက်မှညထိ အချိန်နဲ့တပြေးညီ ပြေးလွှားနေရတဲ့အကြောင်းပဲဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ အားလုံးက Zoom Messenger Emailစတာတွေနဲ့သာ ဆက်သွယ်ကြတာကြောင့် ဇာတ်လမ်းရဲ့ပတ်ဝန်းကျင်က ဖိအားကိုလည်း တိတိကျကျ ခံစားနိုင်ပါတယ်။ ဒီဇာတ်ကားက ဇာတ်အထနှေးပေမဲ့ စီးပွားရေး Thriller အမျိုးအစားကိုခံစားချင်သူ၊ Dialogue အပြည့်နဲ့ Device-based storytelling ကို ကြိုက်သူအတွက် လက်မလွတ်သင့်တဲ့ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။