Vijay Deverakondaရဲ့ ရုံတင်အက်ရှင်ဇာတ်ကားကြီးထွက်ရှိလို့လာခဲ့ပါပြီ။1920ခုနှစ်မှာ ဗြိတိသျှတွေရဲ့ ရွှေတူးဖော်မှုကြောင့်နဲ့ လူမျိုးနွယ်တစ်စုလုံး ဖျက်ဆီးခံရပြီးသူတို့မျိုးနွယ်စုရဲ့ ဘုရင်ဟာလည်း အသက်ဆုံးပါးသွားခဲ့ရပါတယ်။ ဒီမျိုးနွယ်စုကိုဆက်လက်ရှင်သန်နိုင်ဖို့ မျိုးဆက်သစ်လူငယ်လေးတွေကိုတော့ လူကြီးများဟာအသက်ပေးကာကွယ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ လူငယ်လေးတွေဟာသူတို့ရဲ့ ဘုရင် သူတို့ဆီ ပြန်လာဖို့ စောင့်မျှော်နေပါတော့တယ်။၁၉၉၁ ကာလမှာတော့ ဆီဗာနဲ့ ဆူရီဆိုတဲ့ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။အစ်ကိုကြီးဆီဗာဟာ ငယ်စဉ်အရွယ်မှာတင် ပျောက်ဆုံးသွားခဲ့ပါတယ်။ညီဖြစ်သူ ဆူရီဟာ သူ့အစ်ကို ကို ရှာဖွေချင်တာနဲ့ ရဲအရာရှိဖြစ်အောင်ကြိုးစားပြီးရဲအရာရှိဖြစ်လာတဲ့အချိန်မှာလည်း ဆက်တိုက်ဆိုသလို အစ်ကိုဖြစ်သူကို ရှာဖွေလို့နေပါတယ်။ဒီလိုနဲ့ ဆူရီတစ်ယောက် ကျွန်းတစ်ကျွန်းက အကြမ်းဖက်သမားတွေကို သွားရောက်ဖမ်းဆီးဖို့အမိန့်ကျလာတဲ့အချိန်မှာတော့ဆူရီဖမ်းဆီးရမဲ့ အကြမ်းဖက်သမားတွေထဲမှာ သူ့အစ်ကို ဆီဗာပါဝင်နေတာကို တွေ့ရှိလိုက်ရပါတော့တယ်။တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေတဲ့ ညီဖြစ်သူ ဆူရီနဲ့ အကြမ်းဖက်သမားဖြစ်နေတဲ့ ဆီဗာတို့ ညီအစ်ကိုနှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ ……အပေါ်မှာ ညွှန်းဆိုခဲ့တဲ့ မျိုးနွယ်စုရဲ့ ဘုရင်နေရာကိုရော ဘယ်သူက ဆက်ခံသွားမလဲ …. ဆိုတာတွေကို ကြည့်ရှုရမဲ့ အက်ရှင်ဒရာမာကားကောင်းလေးဖြစ်ပါတယ်။