နှစ်ပေါင်းများစွာ ထောင်ကျပြီးနောက် ထောင်ကလွတ်လာတဲ့ နိတ်ဟာ ဘဝကိုအသစ်ပြန်စဖို့အတွက် သူထောင်ထဲမှာ အလုပ်လုပ်ပေးခဲ့ဖူးတဲ့ ရာဇဝတ်ဂိုဏ်းနဲ့အဆက်အသွယ်ဖြတ်လိုက်ပါတယ်။အဲဒီဂိုဏ်းကလည်းပဲ သူနဲ့သူ့မိသားစုကို ပြန်ပြီးလက်စားချေဖို့ ကြိုးပမ်းပါတော့တယ်။နိတ်ရဲ့ဇနီးဟောင်းဖြစ်သူနဲ့ အစ်ကိုဖြစ်သူတို့ကတော့ ရာဇဝတ်ဂိုဏ်းရဲ့လက်ချက်ကြောင့်ပဲ သေဆုံးသွားခဲ့ရပြီး ကျန်ခဲ့တဲ့ အသက် 11 နှစ်အရွယ်သမီးလေး ပေါ်လီကိုခေါ်ကို ခေါ်ပြီးတော့ ထွက်ပြေးဖို့လုပ်ရပါတော့တယ်။သားအဖနှစ်ယောက်တစ်ယောက်နဲ့တစ်ယောက် ကူညီပြီး ထွက်ပြေးကြရင်း သံယောဇဉ်တွေခိုင်မြဲလာပြီး နောက်ဆုံးမှာ သူတို့နှစ်ယောက် ရန်သူတွေလက်ထဲကနေ ဘယ်လိုရုန်းကန်ထွက်ပြေးကြလဲလွတ်မြောက်သွားမလားဆိုတာ စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။