သိုင်းကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။နယ်စပ်မှာတည်ရှိနေတဲ့ ၄၈ခံတပ်ဟာ တစ်နေ့မှာတော့မြောက်ပိုင်းသားတွေရဲ့ ဝင်ရောက်တိုက်ခိုက်ခြင်းနဲ့ကြုံတွေ့ခဲ့တယ်။၄၈ခံတပ်ခေါင်းဆောင် Li Zheng သမီးဖြစ်သူLi Jin Rong ကိုစစ်ကူတောင်းဖို့စေလွှတ်လိုက်ရတယ်။ဇာတ်ကြောင်းကတော့လောကကြီးအကြောင်းနားမလည်တဲ့မမလေးဘဝကနေပြီး ဘာမှမကြောက်တတ်တဲ့သူရဲကောင်းတစ်ဦးအဖြစ်ပြောင်းလဲလာပြီးကလဲ့စားချေခြင်းအလယ်မှာတစ်ဝဲလည်လည်ဖြစ်နေခဲ့ပြီးနှင်းခွင်းဓားရဲ့တစ်ဦးတည်းသောဆက်ခံသူဖြစ်ခဲ့သော်ငြားလည်းသူရဲ့ ဖခင်နှင့်မွေးရပ်မြေကိုဆုံးရှုံးလိုက်ရပါတယ်။အဲဒီအတွက် နာကျင်မှုတွေကို သည်းခံအရှုံးမပေးပဲစိန်ခေါ်မှုတွေနှင့် ပေးဆပ်မှုတွေကို ရင်ဆိုင်ရန်ကြိုးပမ်းနေတဲ့အချိန်မှာ နောက်ဆုံးမှာသူမဟာအမှန်တရားကိုသိလိုက်ရတယ်။အဲဒီအမှန်တရားကဘာဖြစ်နေမလဲဆိုတာကိုတော့ဆက်ပြီးအဆုံးထိကြည့်ပေးပါဦး။