၁၇ နှစ်အရွယ် မိန်းကလေး Johanne က သူ့ကျောင်းမှာ ပြင်သစ်ဘာသာသင်တဲ့ ဆရာမဖြစ်တဲ့ Johanna ကို တိတ်တဆိတ်ချစ်မိပြီး သူ့ရဲ့ခံစားချက်တွေကို ချရေးခဲ့ရပါတယ်။ဒီလိုနဲ့ဆရာမကိုချစ်မိသွားတဲ့ သူ့အချစ်ရေးကို စာမျက်နှာ ၉၀ ပါတဲ့ ဝတ္ထုတစ်အုပ်စာ ရေးခဲ့ပြီးနောက်မှာတော့ ပထမဆုံးရင်ဖွင့်တဲ့အနေနဲ့ သူ့အဘွားကို ဖတ်ခိုင်းခဲ့ပါတယ်။နောက်ပိုင်း Johanne ရဲ့အမေနဲ့ အဘွားက Johanne ရေးထားတဲ့စာအုပ်ကိုဖတ်ပြီး အရေးအသားကောင်းလွန်းတာကြောင့် စာအုပ်ထုတ်ဖို့ အကြံပေးကြပြီး Johanne ရဲ့ တစ်ဖက်သတ်အချစ်ရေးကဘယ်လိုရှုပ်ထွေးမှုတွေ ဆက်ရင်ဆိုင်ရမလဲဆိုတာ….။ဒီဇာတ်လမ်းက လူငယ်တွေရဲ့ အချစ်ကို ပထမဆုံးခံစားသိရှိရတဲ့ အတွေ့အကြုံ၊ လိင်ပိုင်းဆိုင်ရာရမ္မက်တွေနဲ့ တောင့်တမှုအိပ်မက်တွေကိုပွင့်ပွင့်လင်းလင်း သရုပ်ဖော်ထားတဲ့ ဒရမ်မာကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။