I Know What You Did Last Summer HD

I Know What You Did Last Summer

Horror Thriller Mystery HD 2025-07-16 5.935 111 Min

ဒန်နီကာ၊ တက်ဒီ၊ မိုင်လိုနဲ့ အေဗာတို့ဟာ အထက်တန်းကျောင်းမှာကတည်းက ရင်းနှီးခဲ့ကြတဲ့ အခင်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အရွယ်ရောက်လာတော့မိဘချမ်းသာတဲ့ ဒန်နီကာနဲ့တက်ဒီကတော့ ဇာတိမြို့မှာပဲကျန်ခဲ့ပြီး မိုင်လိုနဲ့ အေဗာကတော့ အလုပ်ကိုယ်စီနဲ့ မြို့ကနေ ထွက်ခွာသွားခဲ့ပြီး မတွေ့ဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ဒီလိုကနေ တစ်နွေရာသီမှာ ဒန်နီကာနဲ့တက်ဒီက စေ့စပ်ပွဲလုပ်မှာဖြစ်လို့ မိုင်လိုနဲ့ အေဗာက ဇာတိမြို့ကိုပြန်လာခဲ့ပြီး မတွေ့တာကြာပြီဖြစ်တဲ့သူငယ်ချင်းတွေ ပြန်ဆုံဖြစ်ကြပါတယ်။ဒီလိုကနေ ပါတီပွဲပြီးတော့ သူတို့လေးယောက်ပဲအိမ်မှာကျန်ခဲ့ပြီး ကျောင်းတုန်းကလို သေမင်းကွေ့ဆိုတဲ့ကားလမ်းမှာ မီးပန်းဖောက်တာသွားကြည့်ဖို့ အဖော်ညှိကြပါတော့တယ်။နှစ်ခါခေါ်စရာမလိုတဲ့ သူတို့သူငယ်ချင်းတစ်အုပ်ဟာ လမ်းမှာစတီဗီဆိုတဲ့ သူငယ်ချင်းဟောင်းနဲ့ပါ ဆုံနေတာမို့ တစ်ခါတည်း ခေါ်ခဲ့လိုက်ပါတယ်။ဒီလိုနဲ့ သူတို့ဟာ သေမင်းကွေ့ဆိုတဲ့ ကားလမ်းမှာ မီးပန်းဖောက်နေရင် တက်ဒီက ဝေါ်ကီးပြဲနေရာက စသလိုနောက်သလိုနဲ့ ကားလာရင် ဘာဖြစ်မလဲဆိုပြီး လမ်းလယ်ခေါင်မှာ တက်ရပ်ပါတော့မယ်။အဲဒီအချိန်မှာ တကယ်လည်း ကားလာခဲ့ပြီး တက်ဒီကိုရှောင်ရင်း ချောက်ထဲထိုးကျသွားရာကနေသူတို့ဟာ ကားထဲကလူကို မကယ်ပဲ အိမ်ကိုပြန်ပြေးလာခဲ့ပါတယ်။ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်နေနေရာက သူတို့ငါးယောက် နွေရာသီမှာ လုပ်ခဲ့တဲ့အမှားက သူတို့နောက်ကိုပြန်လိုက်လာပါတော့တယ်။ ဒီကနေ ဘာဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်သာ ကြည့်လိုက်ကြပါတော့။