Secret Fruit HD

Secret Fruit

Drama Romance HD 2017-07-07 8 99 Min

ဒီတခေါက် ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့”Secret fruit” ဆိုတဲ့တရုတ်လူငယ်အချစ် ဇာတ်လမ်းလေးပါအချစ်ဦးကို ကျောင်းသားဘဝ မှာ ကြုံတတ်ကြပါတယ်တစ်ဖက်သတ်အချစ်ဆိုတာကိုလဲ ကြုံဖူးမှာပါ ကိုယ်စိတ်ဝင်စားတဲ့ကောင်လေး သို့ ကောင်မလေးကကိုယ့်ကို ပြန်သဘောကျတာမျိုးလဲ ရှိမှာပါ ဒါမျိုးကြုံဖူးရင်တော့အတိုင်းထက်အလွန်ပေါ့…ကျောင်းသားဘဝကို ကျော်ပြီး တက္ကသိုလ် တက်မှ အချစ် ဆိုတာကို ကြုံဖူးတဲ့လူတွေလဲရှိမှာပါ…များသောအားဖြင့် ကျောင်းတုန်းက ရင်ခုန်ခဲ့ဖူးတဲ့ crush တွေနဲ့ အမှတ်တရတွေ ရှိဖူးကြမှာပါဒီဇာတ်လမ်းလေးကတော့ ရင်ခုန်တတ်စ အရွယ်မှာ တွေ့ရတဲ့ အချစ်အကြောင်းကို ဖော်ကျူးထားတာပါအညွှန်း- သွမ်ပေါဝမ်ဆိုတဲ့ ကောင်လေး နဲ့ ယွီချင်းကျစ်ဆိုတဲ့ ကောင်မလေး ဟာ ငယ်ငယ်တည်းက သူငယ်ချင်းတွေပါယွီချင်းကျစ် က ငယ်စဉ်ကတည်းက သွမ့်ပေါ်ဝမ်ကို တဖက်သတ်ချစ်နေခဲ့ပါတယ်သွမ် ပေါ်ဝမ်ကတော့ ကျောင်းမှာ စာလာသင်တဲ့ ဆရာမတစ်ဦးကို စိတ်ဝင်စားနေခဲ့ပါတယ်“ဆရာမနဲ့ ကျွန်တော်”ဆိုပါတော့ဒါကို ယွီချင်းကျစ် သိလိုက်တဲ့ အချိန်မှာတော့ သွမ့်ပေါ်ဝမ်အတွက်ဆရာမ အကြောင်းကို စုံစမ်းပေးခဲ့ပါတယ်ဆိုးတာက ဆရာမဆီမှာလဲ ချစ်သူရှိနေတာပါယွီချင်းကျစ် ဟာ အင်တာနက်ပေါ်မှာ ဟန်သောင်း ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ရင်းနှီးခဲ့ပါတယ်ဒီကောင်လေးက ယွီချင်းကျစ်ကို လိုင်းပေါ်မှာ တင်ဘဲ စိတ်ဝင်စားသွားပါတယ် ကျောင်းကလဲတူတူပါဘဲယွီချင်းကျစ် က သူ့ရဲ့တစ်ဖက်သက်အချစ်ကို နောက်ဆုံးချိန်ထိ လျို့ဝှက်သွားနိုင်မလားသူ့ကို စိတ်ဝင်စားနေတဲ့ ဟန်ဒေါင်းကိုဘဲ လက်ခံလိုက်မလားသွမ့်ပေါ်ဝမ်ကကော ချစ်သူရှိတဲ့ ဆရာမကို ပိုင်ဆိုင်နိုင်မလား ဆိုတာကိုကျောင်းအငွေ့အသက်လေးကို တမ်းတရင်း ကြည့်ရှု့ခံစားရမှာပါဒီဇာတ်လမ်းလေးကို အတိတ်က အမှတ်တရတွေကို ပြန်လည်တွေးတောရင်းနဲ့ အားပေးကြပါဦး