Ultimate Mission HD

Ultimate Mission

Action Crime Science Fiction HD 2025-08-08 7 0 Min

ဒီနေ့မှာတော့ အားလုံးအတွက် ဇာတ်ကားကောင်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်…ဒီကားလေးကတော့ကပ်ဘေးရောဂါဝေဒနာ ပေါ်လာချိန်မှာ ဖြစ်ပျက်တဲ့ ပြဿနာတစ်ခုကို အခြေခံပြီးတော့ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ…ဒီကားလေးကတော့ ဇီဝဓာတုဖောက်ပြန်မှုတွေဖြစ်ပြီးတော့ဓာတုပစ္စည်းတွေကို စွန့်ပစ်မှုမှားလို့ ကျွန်းတစ်ကျွန်းကကျွန်းသားတွေ ထူးခြားတဲ့ ရောဂါပိုးတစ်ခုရလာခဲ့ပြီး…အကြီးစား ကူးစက်ရောဂါတစ်ခုဖြစ်လာခဲ့ပြီးနောက်ဆုံး ကျွန်းအဝင်အထွက်ပိတ်လိုက်ရတဲ့ အခြေအနေအထိပါပဲ…ဒီလိုနဲ့ အပြည်ပြည်ဆိုင်ရာ ဆေးဝါးကုသရေးအဖွဲ့အစည်း ( တရုတ်လူမျိုး)အဖွဲ့ငယ်က ကျွန်းပေါ်မှာနေရာယူပြီးတော့ဒီကိစ္စကို ဖြေရှင်းဖို့ အဖြေရှာ သုတေသနလုပ်ဖို့ကြိုးစားနေခဲ့ပေမယ့်လည်း….ဒေသခံအစိုးရရဲ့ ပူးပေါင်းမှုမရတဲ့အဆုံးမှာတိုက်ခိုက်မှုဖြစ်လာခဲ့သလို မလိုလားအပ်တဲ့ ကျရှုံးမှု စတေးမှုတွေပါ ဖြစ်ပေါ်လာတာပေါ့…ကဲ ဒီကျွန်းလေးရဲ့ အနာဂတ်ကဘာဖြစ်လာမှာလဲ… အဖွဲ့ငယ်လေးကရောဒီကျွန်းလေးကို ကာကွယ်ကယ်တင်ပေးနိုင်မှာလားဆိုတာတော့ ဒီကားလေးကို ကြည့်လိုက်ကြတော့နော်…