Chingaari FHD

Chingaari

Drama Romance FHD 2006-02-17 1.5 160 Min

၁၉၈၀ပြည့်နှစ်အလွန်က အိန္ဒိယရဲ့ ကျေးလက်ဒေသတစ်ခုကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။မင်းသမီးကြီး ဆူရှ်မီတာဆန်ရဲ့ ကားဟောင်းတွေထဲက ကားကောင်းလေးတစ်ကားပေါ့။ရန်ဂ်ပူလိုခေါ်တဲ့ကျေးရွာလေးမှာ ဆင်းရဲခေါင်းပါးလွန်းမှုတွေကြောင့် လူတွေကအသိဉာဏ်နဲ့ ဝေဖန်နိုင်စွမ်းမရှိတော့ဘဲ ပြည့်တန်ဆာတွေ အလိမ်ညာဗေဒင်ဆရာစကားတွေနဲ့ပဲပျော်ပါးနေခဲ့ကြပါတယ်။ပြည့်တန်ဆာတစ်ယောက်ဖြစ်တဲ့ ဘာဆန်တီကတော့ သူ့သမီးလေးကိုဒီဘ၀ကနေလွတ်ပြီးပညာတတ်ကြီးတစ်ယောက်ဖြစ်စေချင်တဲ့သူ။သူတိုဘ၀ကို အလှည့်အပြောင်းဖြစ်စေခဲ့တာက ရွာမှာ စာပိုသမားလေးအဖြစ်တာဝန်ကျလာတဲ့ ချန်ဒန်၊ဒါပေမဲ့လည်း ဘာသာရေးကို ခုတုံးလုပ်ပြီး လူ့အဖွဲအစည်းကို ဝါဒမှိင်းတိုက်ရင်းထိန်းချုပ်ဖိုလုပ်နေတဲ့ ဘာသာရေးခေါင်းဆောင်တစ်ယောက်ကြောင့် အိပ်မက်တွေဝေဝါးလာရတဲ့အခါ…။