ဒီတစ်ခါမှာတော့ မိသားစုဒရမ်မာဇာတ်လမ်းနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ ဒီပက်နဲ့ရာခီ တို့လင်မယားရဲ့ဘဝအခက်အခဲတွေကိုကျော်ဖြတ်နိုင်ဖို့အတွက် ရွာထဲကထွက်လာခဲ့ပြီးမွန်ဘိုင်းမြို့ကိုတက်လာခဲ့ကြတဲ့အချိန်မှာပိုက်ဆံတွေအလိမ်ခံရ မတရားစွပ်စွဲခံရပြီး ဘဝကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရပါတယ်။အခက်အခဲတွေကြားထဲက အိမ်ထောင်ဦးစီး ဒီပက် မိသားစုကို ဦးဆောင်ပုံ ၊ အိမ်ရှင်မရာခီရဲ့အိမ်ထောင်ထိန်းသိမ်းပုံ ၊ အခက်အခဲတွေကို အတူတူရင်ဆိုင်ကျော်ဖြတ်ကြပုံတွေကို ဒီဇာတ်လမ်းမှာ ကြည့်ရှုရမှာဖြစ်ပါတယ် ။သူတို့ရဲ့ရည်မှန်းချက်တစ်ခုဖြစ်တဲ့ ပိုက်ဆံတွေရှာပြီးသူတို့ရဲ့မွေးရပ်မြေမှာပြန်ပြီးအခြေချနေထိုင်နိုင်ကြမလား မြို့ပေါ်က အခက်အခဲတွေကိုရော ဘယ်လိုရင်ဆိုင် ဖြေရှင်းကြမလဲဆိုတာ ဒီဇာတ်လမ်းမှာ ခံစားကြည့်ရှုပေးပါဦး။