Lilli က သူ့ညီမ Valeria နဲ့ တွေ့ဆုံဖို့ Mallorca ကျွန်းကို ရောက်ရှိလာခဲ့ပေမယ့် ညီမဖြစ်သူက သူစိမ်းတစ်ဦးနဲ့ချက်ချင်းစေ့စပ်လိုက်တာကို မြင်တွေ့ခဲ့ရပါတယ်။Lilli က ညီမရဲ့ရည်းစားအကြောင်း သံသယဖြစ်နေတုန်းမှာပဲ နာမည်ကြီးညကလပ်မန်နေဂျာ Tom နှင့် တွေ့ဆုံပြီး ချစ်ကြိုက်မိသွားခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်းရဲ့နောက်ကွယ်မှာ မကောင်းတဲ့လျှို့ဝှက်ချက်တွေရှိနေပြီး Lilli ရဲ့ ဘဝကလည်း အန္တရာယ်တွေနဲ့ ရင်ဆိုင်လာရပါတော့တယ်။Mallorca ကျွန်းက လှပတဲ့နေရာတွေကို ရွေးချယ်ရိုက်ကူးထားပြီး သာယာတဲ့ရှုခင်းတွေ၊ သရုပ်ဆောင်ကောင်းမွန်မှုတွေကြောင့် ချီးကျူးမှုတွေလည်းရရှိထားပါတယ်။