ဒီတစ်ခါမှာ တမီးလ်စကားပြော ရုပ်ရှင်ကောင်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားမှာဆိုရင် အမျိုးဇာတ်နိမ့်/ဇာတ်မြင့်ခွဲခြားမှုပြဿနာကို မီးမောင်းထိုးပြထားပြီး ကျေးရွာတစ်ခုမှာ ဇာတ်လမ်းတည်ထားတာပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် ဂျီဗာဆိုတာက အစိုးရဆေးရုံတစ်ရုံမှာအလုပ်လုပ်တဲ့ အမျိုးသားသူနာပြုတစ်ဦးပါတစ်ရက်မှာတော့ သူတို့ဆေးရုံက အကျင့်ပျ-က်ခြစားမှုရှိပါတယ်လို့ လူသိရှင်ကြားစွပ်စွဲခံရပြီး ဆေးရုံဝန်ထမ်းဂျီဗာကိုယ်တိုင် ဒီသတင်းကိုပေးတယ်လို့ အပြောခံလာရပါတယ် ဂျီဗာတစ်ယောက် ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုလုပ်တာလဲ သူတစ်ချိန်က မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ ဆိုးယု-တ်မှုတွေက ဘာဖြစ်မလဲ နောက်ကြောင်းပြန်ကြည့်ရမယ့် ကလဲ့စားဇာတ်လမ်းကောင်းလေးတစ်ပုဒ်အဖြစ် ညွှန်းဆိုပါရစေ