ဒီဇာတ်ကားလေးကတော့ ၂၀၂၅ မှာ ထွက်ရှိခဲ့တဲ့ စိတ်ကူးယဉ်သိပ္ပံ နဲ့ thriller ဘက်သွားတဲ့ ကားလေးပဲဖြစ်ပါတယ်။အေဘီ က သူ့အမရဲ့ ရောဂါကို ကုသဖို့အတွက် အန္တရာယ်များတဲ့ တောနက်ထဲ အလုပ်လုပ်ရင်း ငွေရှာနေတာ ဖြစ်ပါတယ်။တစ်ရက်တော့ အေဘီ က ရဟတ်ယာဉ်ပြုတ်ကျတဲ့ထဲ ပါသွားပြီး တစ်ယောက်တည်း အသက်ရှင်ကျန်သူဖြစ်လာပါတယ်။အဲ့ကနေမှ ရေဒီယိုကနေ ဂျွန်ဆိုတဲ့သူနဲ့ချိတ်ဆက်မိသွားပါတယ် ။သူက ဘယ်သူလဲ..ပြုတ်ကျတဲ့နေရာကနေရော အေဘီ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ဇာတ်ကားလေးထဲမှာ မြင်တွေ့သွားရမှာပဲ ဖြစ်ပါတယ်။