Christmas with the Knightlys HD

Christmas with the Knightlys

Comedy Romance HD 2023-11-07 7.1 85 Min

ဂျော်ဂျီယာဂျက်ဆန်ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ အမေရိကနိုင်ငံက ပြည်နယ်ကျောင်းတစ်ခုမှာ ကျောင်းဆရာမအနေနဲ့လုပ်ကိုင်နေတဲ့အမျိုးသမီးဖြစ်ပါတယ်။ခရစ္စမတ်အချိန်ကာလရောက်ရှိတော့မှာဖြစ်တဲ့အလျောက် ဂျော်ဂျီယာဟာ သူ့ရဲ့ကျောင်းကကလေးတွေအတွက် ကျောင်းပြပွဲပြင်ဆင်ရေးကို ဦးစီးဦးဆောင်လုပ်ပေးနေရတာပါ။ဂျော်ဂျီယာလေးဟာ အရမ်းပြည့်စုံတဲ့မိသားစုကနေပေါက်ဖွားလာတဲ့အမျိုးသမီးမဟုတ်ပေမယ့် စိတ်နှလုံးအရမ်းပြည့်ဝပြီး ဂရုဏာအရမ်းရှိသူပါ။စိတ်မကောင်းစွာနဲ့ဘဲ တစ်နေ့မှာ သူ့ရဲ့ ရည်းစားဟောင်းနဲ့စကားများခဲ့ကြပါတယ်။ဂျော်ဂျီယာလေးဟာ သူ့ရဲ့ကျောင်းပြပွဲအတွက်အကောင်းဆုံးပြင်ဆင်ချင်ပေမယ့် သူ့ရည်းစားဖြစ်သူကတော့ ငွေခင်တဲ့သူဖြစ်တဲ့အတွက် နာမည်ကြီးလုပ်ငန်းရှင်မိသားစုတစ်ခုဖြစ်တဲ့ နိုက်လေမိသားစုရဲ့ ခရစ္စမတ်အကြိုညပါတီကိုအသည်းသန်သွားတက်ချင်တာပါ။ဒါပေမဲ့ ခရစ္စမတ်အကြိုညမှာကျင်းပမယ့် ကျောင်းပြပွဲအတွက် ပြင်ဆင်ပေးဖို့စိတ်ပါနေတဲ့ ဂျော်ဂျီယာလေးကို သူ့ကောင်လေးက စိတ်ကုန်ပြီး ပစ်သွားခဲ့ပါတယ်။ရက်ပိုင်းလောက်အကြာ သူ့ရည်းစားဟောင်းရဲ့ တူမလေးဖြစ်တဲ့ ဇိုဝီဆိုတဲ့ကလေးကို ဦးလေးဖြစ်သူလာကြိုဖို့လုပ်ရင်း အသစ်တွေ့ထားတဲ့ရည်းစားနဲ့စေ့စပ်လိုက်ပြီဖြစ်ကြောင်း အသိပေးလိုက်တဲ့အခါမှတော့ နာမည်ကျော် ချေ့စ်နိုက်လေက ဝင်ကြားခံပေးရင်း ရိုမန်တစ်ဇာတ်လမ်းလေးတစ်ခု အစပြုလာပါတော့တယ်။