Cactus Flower HD

Cactus Flower

Comedy Romance HD 1969-12-16 7.1 103 Min

သီချင်းခွေဆိုင် ဝန်ထမ်းမလေး တိုနီဆိုင်မွန်ဟာ သွား‌ဆရာဝန်ဂျူလီယန်နဲ့ တွဲနေသူဖြစ်ပါတယိ။ဒေါက်တာဝင်စတန်ကတော့ စားဘဲကြီးဖြစ်ပြီး အနှောင်အဖွဲ့တွေ မလိုချင်တာကြောင့်သူ့မှာမိန်းမနဲ့ကလေးတွေရှိတယ်လို့ တိုနီကို ပြောကာ စည်းတားထားသူဖြစ်ပါတယ်။ဒီလိုနဲ့ သူတို့ရဲ့နှစ်ပတ်လည်နေ့မှာတော့ဒေါက်တာဝင်စတန်ဟာ သူတို့ရဲ့ဆက်ဆံရေး ဒီထက်ပိုမလေးနက်ဖို့ ရည်ရွက်ချက်ရှိရှိနဲ့တိုနီဆီမသွားပဲနေခဲ့ပါတယ်။စိတ်ထိခိုက်သွားတဲ့ တိုနီကတော့သေကြောင်းကြံခဲ့ရမှာအိမ်နီးချင်းစာရေးဆရာအီဂေါ်ဆူလီဗန်က ဝင်ကယ်ခဲ့ရပါတယ်။အကြောင်းစုံ သိလိုက်ရတဲ့ဒေါက်တာဝင်စတန်ဟာ တိုနီသနားသွားပြီး လက်ထပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲ့ဒီအတွက် သူရဲ့မရှိတဲ့ မိန်းမကို ကွာရှင်းပြရဖို့ ဖြစ်လာပါတော့တယ်။အဲ့ဒီအတွက် သူ့ဆေးခန်းက သူနာပြု ဒစ်ကင်ဆန်ကို သူ့မိန်းမအဖြစ်ဟန်ဆောင်ဖို့အကူအညီတောင်းရပါတော့တယ်။မယားငယ်လည်း လုပ်ခြင်သေး၊ကရုဏာရှင်လည်းလုပ်ချင်သေးတဲ့ တိုနီဟာ ဝင်စတန်ရဲ့မိန်းမကို တွေ့ဖို့ကြိုးစားရကနေဘယ်လိုတွေဆက်လွဲကြမလဲ။တိုနီရဲ့ အိမ်နီးချင်းအီဂေါ်နဲ့ ဒေါက်တာဝင်စတန်ရဲ့လူနာတွေကကောဘယ်လိုဝင်မွှေကြမလဲ ကြည့်ရှုရမှာ ဖြစ်ပါတယ်။