Another Day in Paradise HD

Another Day in Paradise

Crime Drama Thriller HD 1998-12-30 6.2 101 Min

Another Day in Paradise ဇာတ်ကားကို 1998 ခုနှစ် မှာဒါရိုက်တာ Larry Clark ကရိုက်ကူးခဲ့ပြီး James Woods၊ Melanie Griffith၊ Vincent Kartheiser နဲ့ Natasha Gregson Wagnerတို့ပါဝင်ထားတဲ့ အမေရိကန်မှုခင်းဒရာမာဇာတ်ကားလေးပဲ ဖြစ်ပါတယ်Eddie Little နာမည်တူ 1997 ဝတ္ထုကိုအခြေခံထားကာဒါရိုက်တာ Clark ရဲ့ ဒုတိယမြောက်ကားဖြစ်ပြီး 1999 Festivaldu Film Policier de Cognac မှာ Grand Prix ဆုကိုလည်း ရရှိထားတဲ့ကားလေးဖြစ်ပါတယ်၁၉၇၀ ခုနှစ်အနောက်အလယ်ပိုင်းကာလမှာ စိတ်ကြွဆေးစွဲနေတဲ့ ဆယ်ကျော်သက်လူငယ် Bobbieဟာ ဒေသတွင်းကောလိပ်တစ်ခုရဲ့အရောင်းစက်ကိုခိုးယူရာ ညစောင့်တစ်ဦးရဲ့ရိုက်နှက်မှုကိုခံခဲ့ရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်Bobbie ဒဏ်ရာသက်သာဖို့ သူ့ချစ်သူ Rosie က ဆေး‌အရောင်းအ၀ယ်လုပ်သူ Mel ကိုခေါ်ပြီးကုသပေးခဲ့တယ်အဲဒီကနေ Mel ကကောင်လေးကိုသဘောကျသွားပြီး သူနဲ့သူ့ချစ်သူ Sid တို့က ကလေးသာသာရှိသေးတဲ့ Bobbie တို့ချစ်သူစုံတွဲကို အတူတူအလုပ်လုပ်ဖို့ ခေါ်ထားရင်းမိသားစုလိုသံဃောဇဉ်ဖြစ်လာကြတယ်ပထမဆုံး ဆေးခန်းငယ်တစ်ခုက မူးယစ်ဆေးတွေခိုးယူနိုင်ခဲ့ကြပြီး ပြန်ရောင်းချတဲ့အလုပ်ကို အတူတူလုပ်လာကြတယ်မူးယစ်‌ဆေးရောင်းတာဖြစ်လို့ လူကြမ်းမျိုးစုံ လူမိုက်မျိုးစုံနဲ့ကြုံလာရကာ Mel နဲ့ Bobbie တို့ ဘယ်လိုအခက်အခဲတွေကြုံလာရမလဲ လူမိုက်တွေရဲ့ သတ်ဖြတ်မှုကို ခံရမလားရဲလက်ထဲအဖမ်းခံရမလား ဆေးတွေရောင်းထွက်ပြီး ကောင်းမွန်တဲ့ဘ၀တစ်ခုမှာ နေထိုင်သွားနိုင်ကြမလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမယ့် ကားလေးပဲဖြစ်ပါတယ်