Mr. Pawsitively Perfect HD

Mr. Pawsitively Perfect

Comedy Romance TV Movie HD 2023-09-20 5.538 90 Min

“Do it today with J and A!”ဆိုတဲ့ နာမည်ကြီးဒီဇိုင်နာတီဗီရှိုးက “J”ဆိုတဲ့ပရိဘောဂဒီဇိုင်နာ ဂျေ့စ်။ “A”ဆိုတဲ့ ချစ်သူအန်နာစတေရှာနဲ့လမ်းခွဲပြီးနောက်ပိုင်းတီဗီရှိုးကနေပါထွက်ပြီးမွေးရပ်မြေနယ်မြို့လေးဆီကို ပြန်လာခဲ့လိုက်တယ်။ဂျေ့စ်ရဲ့ နယ်မြို့လေးက ကော်ဖီဆိုင်မှာ အလုပ်လုပ်နေတာကတော့ မာကတ်တင်းဒီဇိုင်နာဖြစ်ဖို့အိပ်မက်ကြီးနဲ့ဒေစီသဘာ၀ပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးကို ကူညီချင်တဲ့ ဒေစီက တချိန်တုန်းကတော့ ဂျေ့စ်ရဲ့ခံယူချက်ကို သဘောကျခဲ့ပေမဲ့ ရှိုးမှာအောင်မြင်ပြီးနောက်ပိုင်းသူ့ကိုယ်သူရောင်းစားသွားသလိုဖြစ်တဲ့ဂျေ့စ်ကို အမြင်မကြည်ခဲ့။ ကံအကြောင်းတိုက်ဆိုင်ချင်တော့ ဒေစီအလုပ်လုပ်တဲ့ကော်ဖီဆိုင်ကိုဂျေ့စ်ရောက်လာပြီး ဒေစီကူညီစောင့်ရှောက်ပေးနေတဲ့ခွေးလေးပက်ချက်စ်ကို ဂျေ့စ်ကမွေးစားဖို့ လျှောက်လွှာတင်လိုက်တဲ့အခါ။ အမြင်မကြည်နေတဲ့ ဒေစီတစ်ယောက် ဂျေ့စ်နဲ့မဖြစ်မနေ တွဲသွားတွဲလာနေရင်းကနေအချင်းချင်းခံစားသိမြင်လာကြတဲ့အချိန်မှာတော့ကြည်နူးစရာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာခဲ့တော့တာပေါ့။