Rajkummar Rao ရဲ့ ခပ်ကြမ်းကြမ်း ဖိုက်တင်ဇာတ်ကားအသစ်လေး ထွက်ရှိလို့လာခဲ့ပါပြီ။၁၉၈၀ခုနှစ်အလယ်ပိုင်းလောက်က အလာဘတ်မြို့က လူထုကို ထိန်းချုပ်ထားနိုင်တဲ့လူတစ်ယောက်အကြောင်းကိုရိုက်ကူးတင်ဆက်ပေးထားတဲ့ Thriller အက်ရှင် မှုခင်းကားလေးဖြစ်ပါတယ်။ ဒီပတ် ခေါ် မာလစ် ဆိုသူဟာတောင်သူမျိုးရိုးကနေမှ ဂိုဏ်းခေါင်းဆောင်အဖြစ် တက်လာခဲ့သူတစ်ယောက်ပါ။သူဟာ ကုန်သည်တွေရဲ့ အထက်မှာနေပြီးကုန်သည်တွေအတွက် ကုန်လမ်းကြောင်းအဆင်ပြေစေဖို့ ထိန်းချုပ်ပေးသူဖြစ်ပါတယ်။ မာလစ်ဆိုတဲ့နာမည်ကြားတာနဲ့အရာရှိတွေတောင် ဖင်ထောင်အောင်ကြောက်ရတဲ့သူမျိုးပါ။အဲဒီနောက်မှာတော့မာလစ်တစ်ယောက် နိုင်ငံရေးလောက ကိုပါ ခြေဆန့်လာတဲ့အခါမှာတော့ …….ဘာတွေ ဘယ်လို ဆက်ဖြစ်မလဲ ဆက်လက်ကြည့်ရှုပေးကြပါဦး။ အညွှန်းနဲ့ဘာသာပြန်ကတော့ B Team ဖြစ်ပါတယ်။