ဒီတစ်ခါမှာတော့ 2014 ခုနှစ်က ထွက်ရှိခဲ့ပြီး ImDb 7.0 နဲ့ ဆုပေါင်းများစွာရရှိထားတဲ့A Girl At My Door ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။စခန်းမှူး အီယောင်းနမ်နေရာမှာတော့ Kingdom နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Baek doona နဲ့ဆွန်းဒိုဟီးနေရာမှာတော့ မင်းသမီးလေး Kim saeron တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ။ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ အီယောင်းနမ်ဟာ ကိစ္စတစ်ခုကြောင့် ရာထူးလျှော့ခံရပြီးနယ်မြို့လေး တစ်မြို့ဆီ စခန်းမှူးရာထူးနဲ့ ရောက်လာခဲ့ပါတယ် ။တစ်ရက်မှာ အီယောင်းနမ် ကင်းလှည့်ရင်း ကလေးမတစ်ယောက် အနိုင်ကျင့်ခံနေရတာကို မြင်လို့ဝင်ကူညီပေးခဲ့ရာကစပြီး အီယောင်းနမ်နဲ့ မထုံတတ်တေး ကလေးမလေး ဆွန်းဒိုဟီးတို့ရဲ့ရေစက်က စတင်ခဲ့ပါတယ် ။ဆွန်းဒိုဟီးကတော့ ကျောင်းမှာ အနိုင်ကျင့်ခံရတဲ့အပြင် အိမ်မှာလည်း အဘွား နဲ့ အဖေဖြစ်သူဆီကနေဆဲဆို ရိုက်နှက်ခံရသူပါ ။ ဒီလိုနဲ့ တစ်နေ့မှာတော့ ဒိုဟီးကို လိုက်ရိုက်ရင်းကနေ အဘွားဖြစ်သူကပင်လယ်ထဲကို ဆိုင်ကယ်ချော်ကျပြီး သေဆုံးသွားပါတော့တယ် ။ဒီကိစ္စအကြောင်းပြုလို့ ကလေးမလေး ဒိုဟီးဟာ အိမ်မှာ ပိုအရိုက်ခံလာပြီး အဆုံးသတ်မှာတော့စခန်းမှူး အီယောင်းနမ်အိမ်ကို ထွက်ပြေးလာခဲ့ပါတယ် ။ဒိုဟီး စခန်းမှူးအိမ်မှာ နေပြီး တစ်လအကြာမှာတော့ ကလေးရဲ့ အဖေဖြစ်သူက စခန်းမှူးအီယောင်းနမ်ကို ကလေးအပေါ် လိင်အမြတ်ထုတ်မှုနဲ့ တရားစွဲလိုက်ပါတော့တယ် ။နှိပ်စက်ခံရတဲ့ ကလေးမလေးကို ကာကွယ်ချင်စိတ်နဲ့ အိမ်ခေါ်ထားမိတဲ့ စခန်းမှူး အီယောင်းနမ်တစ်ယောက်ဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းမလဲ ။ဒါ့အပြင် သူ ဆိုးလ်ကနေ ရာထူးလျှော့ခံရတဲ့ အကြောင်းအရင်းကရော ဘာကြောင့်လဲဆိုတာတွေကိုတော့ဇာတ်လမ်းနဲ့ အတူ ခပ်ငြိမ့်ငြိမ့်လေး လိုက်ပါခံစားရမှာ ဖြစ်ပါတယ် ။