ဒီဇာတ်ကားလေးကတော့ Simon ဆိုတဲ့ဇာတ်ကောင်ကို တည်ပြီးရေးထားတာပါ။သူက Lumd university က ဥပဒေကျောင်းသားတယောက်ဖြစ်ပြီး နိုင်ငံရေးကြောင့်ဆန္ဒပြနေတဲ့အချိန်မဆီမဆိုင်ဆွဲခေါ်ခံရတော့မလိုအချိန် Max ဆိုတဲ့ ကောင်မလေးက ဝင်ကယ်သွားပါတယ်။Simon ဟာ တကယ်တော့ စာရေးဆရာတယောက်ဖြစ်ချင်ခဲ့တာပါ။ နောက်ကျ Maxနဲ့တွေ့ပြီး မထင်မှတ်ပဲ ဒုစရိုက်အမှုတွေကို လိုက်လုပ်မိပါတော့တယ်သူလည်းစိတ်ထွက်ပေါက်အနေနဲ့လုပ်မိရာကနေ သူ့ဟာသူပြန်ရှာဖွေရမိတဲ့ကားမျိူးပါ။ဇာတ်ကားလေးက လူတွေအကြောင်းကိုရိုက်ပြထားပြီး Simon တစ်ယောက်သူ့ဘေးနားကလူတွေကြားထဲ ဘယ်လိုအသက်ရှင်အောင်နေထိုင်သွားမလဲဆိုတာ အေးအေးဆေးဆေးနဲ့ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ်။