ဟုန်းဆောင်းအထက်တန်းကျောင်းက ကျောင်းသူ ယောင်းဆု(Park Bo Young)ဟာ စိတ်ကြမ်းလူကြမ်းတစ်ယောက်ဖြစ်ပြီး အမျိုးသမီး လူမိုက်ခေါင်းဆောင်တစ်ယောက်အဖြစ် နာမည်ကြီးပါတယ် ..သူတစ်ဖက်သတ်ကြိုက်နေတဲ့ ကျောင်းသားကတော့ .. ကျောင်းသူတွေကြားမှာ ရေပန်းစားတဲ့playboy တွေ့မရှောင်ဖွန်ကြောင်သူ ဂန်ဂျွန်ဂီ (Lee Jong Suk) ဖြစ်သူပါ ..ဒါပေမဲ့ ယောင်းဆုကိုတော့ တခြားကျောင်းက ကျောင်းသားလူမိုက် ခေါင်းဆောင်ဂွမ်ရှစ်(Kim Young Kwang)ကကြိုက်နေတဲ့အတွက် လက်ရှောင်ထားခဲ့ပါတယ် ..တစ်နေ့တော့ ဟုန်းဆောင်းကျောင်းကို ဆိုးလ်မြို့က .. အပြစ်ကင်းပြီး ချစ်ဖို့ကောင်းတဲ့ ဆိုဟီး(Lee Se Young)ဆိုတဲ့ ကျောင်းသူတစ်ယောက် ပြောင်းလာတဲ့အခါမှာတော့ ..playboy ကြီး ဂန်ဂျွန်ဂီတစ်ယောက် ဘယ်လိုအကွက်တွေ ရွှေ့မလဲ ..တစ်ဖက်သတ်ကြိုက်နေတဲယောင်းဆုကရော ဘယ်လိုတွေ နှောင့်ယှက်မှာလဲ ..ကျောင်းသားလူမိုက် ဂွမ်ရှစ်ကရော အရှုပ်တော်ပုံထဲကို ဘယ်လိုပါဝင်လာမလဲဆိုတဲ့လေးပွင့်ဆိုင် လူငယ်ဟာသ အချစ်ဇာတ်လမ်းလေးကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ် ..