Norma: Antara Mertua dan Menantu FHD

Norma: Antara Mertua dan Menantu

Drama Romance FHD 2025-03-31 7.5 134 Min

Norma: Antara Mertua dan Menantu ရုပ်ရှင်ကတော့ ၂၀၂၅ ခုနှစ်မှာထွက်ရှိလာတဲ့ အင်ဒိုနီးရှားရုပ်ရှင်ဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ အင်ဒိုနီးရှားနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကတကယ်ဖြစ်ခဲ့တဲ့အကြောင်းအရာကို အခြေခံထားပါတယ်။မိခင်နဲ့လင်တို့ရဲ့သစ္စာဖောက်မှုကြောင့် ပျက်စီးခဲ့ရတဲ့မိသားစုဘဝအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။နူးညံ့သိမ်မွေ့ပြီးစိတ်ထားဖြူစင်တဲ့နော်မာဆိုတဲ့မိန်းကလေးဟာ သူ့အချစ်ဉီးအာဖန်နဲ့လက်ထပ်ရတာကို ကံကောင်းတယ်လို့ ယူဆထားခဲ့ပါတယ်။သူတို့ရဲ့အိမ်ထောင်ရေးဘဝက ပျော်ရွှင်စရာကောင်းပြီးအာဖန်ကလည်း နော်မာကို အချစ်တွေအပြည့်နှင့် ချစ်ခင်စောင့်ရှောက်ပေးခဲ့ပါတယ်။အာဖန်ဟာ နော်မာရဲ့မိဘတွေဖြစ်တဲ့ အာဘဒူလ်နဲ့ရီနာတို့ကိုပါ ကြည်ညိုလေးစားစွာ ဆက်ဆံခဲ့ပါတယ်ဒါပေမဲ့ အာဖန်ရဲ့ပြည့်စုံနေတဲ့ပြင်ပပုံရိပ်နောက်ကွယ်မှာ တခြားတစ်ယောက်နဲ့သစ္စာဖောက်နေကြောင်း နော်မာ သိရှိလိုက်ရပြီးပိုဆိုးတာကတော့ အာဖန်နဲ့ဖောက်ပြန်နေတဲ့သူဟာနော်မာရဲ့မိခင်အရင်း ရီနာကိုယ်တိုင်ဖြစ်နေခဲ့ပါတယ်။ဒါကိုသိရှိလိုက်ရတဲ့နော်မာတစ်ယောက် အကြီးအကျယ်စိတ်ဓာတ်ပျက်ပြားခဲ့ရပြီး မိသားစုလည်း ပြိုကွဲသွားခဲ့ရပါတယ်။နော်မာဟာသူဘာကြောင့် အခုလိုဖြစ်ရတယ်ဆိုတာကို အဖြေရှာရင်း စိတ်ဒဏ်ရာများစွာနဲ့ ရုန်းကန်ခဲ့ရပါတယ်။ဒီရုပ်ရှင်ဟာ စိတ်ခံစားမှုဆိုင်ရာ ဒဏ်ရာတွေနဲ့ မိသားစုပျက်စီးမှုတွေကိုနက်နက်ရှိုင်းရှိုင်းပြသထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီးကြည့်ရှုသူတွေကို စဉ်းစားဆင်ခြင်စေမယ့်အကြောင်းအရာတွေကိုလည်း ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။