I Am What I Am HD

I Am What I Am

Drama HD 2022-12-16 7.2 104 Min

Asexual ဆိုတာဘာလဲ?မြန်မာလို အနီးစပ်ဆုံးပြန်ရင် လိင်စိတ်ကင်းမဲ့တာလို့ ပြောရမှာပေါ့ ..ကာဆုမိက asexual တစ်ယောက်ဖြစ်ပြီး သူ့ဖြစ်တည်မှုကို သူလက်ခံထားတဲ့သူပါ။ကာဆုမိအဖြစ်နဲ့ Tôko Miura က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားချောTakumi Kitamura ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။သူ့အတွက် တခြားတစ်ယောက်ကို ချစ်ကြည့်ဖို့ရော လိင်စိတ်ရှိလာဖို့ရော အဆင်မပြေတာကိုသိလို့သူ့ဖြစ်တည်မှုအတိုင်း ခပ်အေးအေးနေထိုင်နေသူတစ်ယောက်ဖြစ်‌ပါတယ်။ဒါပေမဲ့ သူ့မိခင်ကတော့ သူ့ကို တခြားသူတွေလိုမျိုး အိမ်ထောင်ပြုစေချင်ခဲ့တာပါ။ကာဆုမိလည်း သူ့အမေအတွက်ကြိုးစားကြည့်ပေမဲ့ asexual တစ်ယောက်အနေနဲ့လူတစ်ယောက်ကို အချစ်ရော လိင်စိတ်ခံစားချက်ရော ဘာမှမရှိနေတဲ့အခါ ..မိသားစုကိုရော ပတ်ဝန်းကျင်ကိုရော ဘယ်လိုမျိုး သတ္တိရှိရှိရင်ဆိုင်ရပ်တည်ပြီး သူ့ဖြစ်တည်မှုအတိုင်းနေထိုင်သွားမလဲဆိုတာ ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။