ဒီတစ်ခေါက်မှာတော့ နူးညံ့နွေးထွေးတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ဟယ်သာ၊ ကော်နီနဲ့ အေမီတို့သူငယ်ချင်း ၃ယောက်ဟာ အမေရိကားကနေ ဥရောပကိုခရီးထွက်လာခဲ့ကြသူတွေပါ။ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ဆောင်ကတော့ ဟယ်သာဖြစ်ပြီး သူက အရာရာကို planချပြီးမှ လုပ်ကိုင်လေ့ရှိသူတစ်ဦးပါ။သူတို့ သူငယ်ချင်း၃ယောက်ဘာစီလိုနာကိုသွားတဲ့ ညအိပ်ရထားပေါ်မှာ ဟယ်သာဟာ ဂျက်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံဖြစ်ခဲ့ပါတယ်။ဂျက်ကတော့ ဟယ်သာနဲ့ လုံးဝကို အကျင့်စရိုက်ချင်း ဆန့်ကျင်ဘက်ဖြစ်ပြီးအရာရာကို ဘာplanမှမချပဲ ပစ္စုပ္ပန်ကိုသာပျော်မွေ့သူပါ။ဂျက်က သူ့အဘေး အမွေချန်ထားခဲ့တဲ့ ဥရောပခရီးသွားမှတ်တမ်းစာအုပ်အတိုင်း ဥရောပကနေရာအနှံ့ကိုခြေဦးတည့်ရာခရီးထွက်နေတာဖြစ်ပါတယ်။ဘာမဆို အစီအစဉ်တကျပဲလုပ်တတ်တဲ့ ဟယ်သာနဲ့ အစီအစဉ်တွေကိုမကြိုက်တတ်တဲ့ ဂျက်တို့ ဒီခရီးမှာ ရေစက်ဆုံရင်းတစ်ဦးနဲ့တစ်ဦးသဘောကျသွားပါတော့တယ်။ဒါပေမဲ့လည်း အချစ်ဇာတ်လမ်းတွေရဲ့ထုံးစံအတိုင်း ဝေးကွာရမဲ့ အလှည့်အပြောင်းတွေကို ကြုံလာရတဲ့အခါ ဟယ်သာနဲ့ဂျက်တို့ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို ကြည့်ရှုရမှာပါ။ဒါ့အပြင် ဥရောပတစ်ခွင်က ရှုခင်း အလှအပတွေကိုပါ တစ်ဝကြီး ကြည့်ရှုရဦးမှာဖြစ်ပြီး ဂျက်နဲ့ ဟယ်သာတို့နောက်ဆုံးမှာပေါင်းဖက်သွားနိုင်ကြမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။