တလေဂူးမင်းသား မာနို့ဂျ်ချန်ဒရာရဲ့ ကျေးလက်ဇာတ်မြူးရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ရမ်ခရစ်ရှ်နာဆိုတာ အတိုးတွေမတန်တဆနဲ့ငွေချေးတတ်တဲ့ အာပနာရဲ့နောက်လိုက်တစ်ယောက်။နောက်လိုက်ဆိုပေမဲ့ တခြားသူတွေအပေါ် စိတ်ထားကောင်းပြီး ဇာတ်ဆရာရူးရူးနေတဲ့သူ၊ရွာရဲ့ နှစ်စဉ်ကျင်းပနေကြပွဲတော်အတွက် စင်ထိုးပြီးကပြဖျော်ဖြေဖို့ တာဝန်ယူထားပေမဲ့ သူ့စင်ပေါ်မှာကမဲ့ အမျိုးသမီးဇာတ်ကောင်ကမရှိ။ရွာထဲက အလှဆုံးမိန်းမပျိုကို စည်းရုံးပြီးကခိုင်းမယ်ဆိုတော့ သူပြေးမြင်မိတာက တစ်ဖက်သက်ချစ်ရတဲ့ ဆာဗစ်သရီ။ဆာဗစ်သရီ့အိမ်မှာ ဝေယျ၀စ္စလုပ်တဲ့ကောင်မလေးကို စည်းရုံးပြီး ဆာဗစ်သရီပါလာဖို့အရေးကြိုးစားရာက ဘယ်လိုတွေ အလွဲလွဲအချော်ချော်ဖြစ်မလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။