ဒီတစ်ခါမှာတော့ ပရိသတ်အချစ်တော်မင်းသားကြီးဗီဂျေးနဲ့ ယိုဂီဘာဘူတို့ ပါ၀င်သရုပ်ဆောင်ထားတဲ့အချစ်-ဟာသ-ဒရာမာ-အက်ရှင် ရသစုံဇာတ်လမ်းကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။“အသွင်မတူအိမ်သူမဖြစ်” လို့ ဆိုတတ်ကြပေမဲ့ အသွင်မတူဘဲ အိမ်သူဖြစ်လာတာတွေလည်းအများကြီးပါ။အိမ်ထောင်တစ်ခုမှာ အသွင်မတူလည်း ချစ်ခြင်းမေတ္တာနဲ့နားလည်မှုကသာ ပိုအဓိကကျမယ် ထင်ပါတယ်။အခုဇာတ်လမ်းထဲမှာလည်း အာဂါဆမ်နဲ့ အာရဆီတို့အဖြစ်က ဒီလိုပါပဲစားသောက်ဆိုင်တစ်ဆိုင်ကို ကျားကုတ်ကျားခဲဖွင့်ထားတဲ့ မိသားစုက ခပ်ကြမ်းကြမ်းခပ်ရမ်းရမ်းအမျိုးသားနဲ့ ပညာတတ်မိသားစုက မာစတာဘွဲ့ရမိန်းကလေးတို့ ဖူးစာဆုံခဲ့ကြပါတယ်။အသွင်မတူတဲ့ လူနှစ်ယောက်၊ အသွင်မတူတဲ့ အသိုင်းအဝိုင်းနှစ်ခုကြားမှာ ဖြစ်ပေါ်လာတဲ့ ပြဿနာပေါင်းက သောင်းခြောက်ထောင်ပါပဲ။အဲဒီအဖြစ်တွေကြားမှာ တကယ်ချစ်ကြတဲ့ သူတို့နှစ်ဦးဘယ်လိုဆက်ရပ်တည်သွားမလဲ၊ ဘယ်လိုအဖြစ်တွေထပ်ကြုံရဦးမလဲဆိုတာကို နယ်မြို့နောက်ခံဇာတ်လမ်းပုံစံနဲ့ ရယ်စရာတစ်မျိုး ဒရာမာတစ်ဖုံ ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။