Quiet Life HD

Quiet Life

Drama HD 2025-01-01 6.7 99 Min

ဆာလ်ဂ်နဲ့ နာတာလီရာတို့ ဇနီးမောင်နှံဟာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် အသက်အန္တရာယ်ချိန်းခြောက်ခံရ၍ ရုရှားနိုင်ငံမှ ထွက်ပြေးလာခဲ့ပါတယ်။ ဆွီဒင်နိုင်ငံမှာ အခြေချပြီး ဒုက္ခသည်အဖြစ်နိင်ငံခိုလှုံခွင့်တောင်းဆိုခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ တောင်းဆိုမှု ပယ်ချခံရပြီးနောက် ရုရှားနိုင်ငံသို့ ပြန်လည်ပို့ခံရမည့်အခြေအနေကြောင့် စိတ်ဒါဏ်ရာရရှိနေတဲ့ သမီးငယ်ဖြစ်သူမှာထူးဆန်းတဲ့ ကိုမာတစ်ခု စွဲကပ်ခဲ့ပါတယ်။မိဘများအနေနဲ့ သမီးဖြစ်သူ၏ရောဂါဆန်းအား ကုသဖို့ ကြိုးစားကြပုံ၊ နိုင်ငံခိုလှုံခွင့်ရဖို့ အယူခံပြန်ဝင်ကြပုံတွေကို တွေ့မြင်ရမယ့်ကားလေးဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကို ရိုက်ကူးထားခြင်းဖြစ်ပြီး ဒရာမာကားကောင်းကြိုက်သူများအတွက် လက်မလွှတ်သင့်တဲ့ ကားလေးဖြစ်ပါတယ်။ဒီကားလေးဟာ စစ်မက်ဖြစ်ပွားတဲ့နိုင်ငံတွေကနေအခြားနိုင်ငံတစ်ခုကို ထွက်ပြေးလာကြပြီး စစ်ဘေးဒုက္ခသည်အမည်ဖြင့် နိုင်ငံသားခံယူဖို့ ကြိုးစားကြပုံ၊ နိုင်ငံအသစ်မှာ အခြေကျအောင် နေထိုင်ကြပုံတို့ကို ရိုက်ကူးထားပါတယ်။ အဓိကအားဖြင့်ဆွီဒင်နိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားနေတဲ့ resignation syndrome ဆိုတဲ့ ရောဂါတစ်မျိုးကို အဓိက ရိုက်ပြထားပါတယ်။အများအားဖြင့် ကလေးသူငယ်များနှင့် ဆယ်ကျော်သက်များမှာဖြစ်ပွားလေ့ရှိပြီး သူတို့မူလလာခဲ့တဲ့နိုင်ငံက အနိဌာရုံများကို မြင်ခဲ့ရ၍ စိတ်ဒါဏ်ရာရနေခြင်း၊ နိုင်ငံခိုလှုံခွင့် ပယ်ချခံရ၍ နေရပ်ကို ပြန်ပို့ခံရတော့မည့်အချိန်စိုးရိမ်ကြောက်လန့်စိတ်ဖြစ်ပေါ်လာခြင်း၊ မိဘများမှ စိတ်ဖိစီးမှုတွေကို ကလေးတွေသိမြင်အောင် ပြသမိသည့်အချက်တွေကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်ဟုဆိုပါသည်။ဘာပဲဖြစ်ဖြစ်ဒီဇာတ်ကားလေးကြည့်ပြီး သူတို့ရဲ့ဒုက္ခတွေကို ကျွန်တော်တို့အနေနဲ့ အနည်းနဲ့အများတော့ ကိုယ်ချင်းစာမိလိမ့်မယ်လို့ထင်ပါတယ်။